အခန်း(၁၀)

3.2K 393 28
                                    

(Unicode)

အခန်း(၁၀)

"ငါနဲ့လိုက်ခဲ့" ရဲ​မေအမျိုးသမီးကJakeဆီက​နေ​
ထောင်ရှန်ကိုလွှဲ​ပြောင်းယူလိုက်ပြီးရာဇဝတ်သား​တွေကိုသူမကိုင်တွယ်​နေကြအတိုင်း​ထောင်ရှန်ရဲ့လက်​မောင်းကိုဆုပ်ကိုင်ထားလိုက်သည်။

​ထောင်ရှန်​​ခေါင်းစွပ်အမည်းက​နေဘာကိုမျှဖောက်ထွင်းမမြင်ရသော​ကြောင့်ဦး​ဆောင်​ခေါ်သွားရာ​နောက်သို့သာလိုက်သွားပြီးဘယ်ကိုသွား​နေလဲဆိုတာကိုသူမသိ။

သတ်မှတ်ထား​သည့်နေရာသို့​ရောက်ရှိ​သွားသောအခါ
ရပ်တန့်လိုက်ကြသည်။​ရောက်ရှိ​နေ​သော​နေရာမှာ
ပလာဇာရဲ့အလယ်ဗဟိုမှာဖြစ်ပုံရပြီး​​​​ဘေးပတ်ပတ်လည်က​နေကြွေထည်ရုပ်​တွေဆီကရယ်​မောသံ​တွေကို​ဖောက်ထွင်းပြီးကြား​နေရသည်။

ထို​နေရာတွင်စောင့်​ဆိုင်းနေကြ​ရင်း ရဲ​မေအမျိူးသမီးသည်အသံတိုးတိုးသာသာဖြင့်​မေးလာသည်
"ကျွန်မအ​​တော်​လေးသိချင်​နေတဲ့ကိစ္စတစ်ခုရှိတယ်။
မင်းMr.လီကိုချစ်​​​သေးလား?"

​ထောင်ရှန်ရဲ့စိတ်​တွေ​ထွေပြားလို့သွားသည်။

ရဲ​မေအမျိုးသမီးက​တော့သူမ သိချင်​နေသည့်အ​ဖြေကို
မရရှိလိုက်​ပေ။

​ကြွေထည်ရုပ်​တွေ​ဆီက​ရယ်သံ​တွေရပ်တန့်သွား​​သောအခါသတ်မှတ်ထားသည့်​နေရာဆီသို့
ရဲ​မေအမျိုးသမီး​တွန်း​ခေါ် သွားသည်ကိုခံလိုက်ရပြီး
ထို​နေရာ၌မတ်တပ်ရပ်​နေခိုင်းသည်။သူ့လက်​တွေစည်း​​နှောင်ထားခြင်းခံလိုက်ရပြီး​​ဘေးနားကလူ​တွေရဲ့ ရုန်းကန်​နေတဲ့အသံကိုကြားလိုက်ရ​သောအခါသူလည်းချက်ချင်းလက်ငင်းဆန့်ကျင်ပြီးရုန်းကန်ဟန်ပြုလိုက်သည်။

ပြီး​နောက်ထိုင်ခုံမှာထိုင်ဖို့ဆွဲ​ခေါ် ခံလိုက်ရပြီးလက်​မောင်းနှင့်​ခြေ​ထောက်​​တွေကိုခုံ၌ပူးတွဲချည်​နှောင်ထားခံလိုက်ရသည်။သူတကယ်လှုပ်ရှားလို့မရနိုင်ဖြစ်သွား​သောအခါ၌ကြောက်ရွံ့စိတ်တို့ တိုးဝင်လို့လာသည်။

အရာအားလုံးကိုအဆုံးသတ်​ရတော့မည့်အချိန်ကျ​​ရောက်တော့မည်ဖြစ်သည်။

City of Endless Rain « မြန်မာဘာသာပြန် »CompletedKde žijí příběhy. Začni objevovat