အခန်း(၃)

2.6K 419 10
                                    

(Unicode)

အခန်း(၃)

​ထောင်ရှန် ဝက်သားဆာနယ်​ခြောက်​ကြော်နှင့်ကြက်ဥဟက်ဘွိုင်းတို့ဖြင့်ပြင်ဆင်ထား​သောထမင်းစားပွဲ​ရှေ့၌ဝင်ထိုင်လိုက်သည်။သူထမင်းစားပွဲဆီသို့တွန်းကာဆွဲကာဖြင့်ရောက်ရှိလာခြင်းဖြစ်ပြီးလီယွမ်ယီက​တော့​အေး​အေးလူလူဖြင့်သူ့ကိုစားဖို့တိုက်တွန်းနေပြီးသူ့အတွက်နွားနို့တစ်ခွက်​တောင်ထည့်​ပေး​နေသည်။

"မင်းခန္ဓာကိုယ်ကိုကယ်လ်ဆီယမ်ဓါတ်ဖြည့်စွက်
လိုက်ရင်စိတ်ပြန်တည်ငြိမ်သွားလိမ့်မယ်" လီယွမ်ယီနူးညံ့စွာပြုံးပြလိုက်ပြီးနွားနို့ခွက်ကို​ထောင်ရှန်နားသို့
တွန်း​​ပို့​ပေးလာသည်။

​ထောင်ရှန်မျက်ဖြူလှန်လိုက်မိသည်။

"မင်းငါ့​လောကတ်သီးကိုယူသွားတာ
ဟုတ်တယ်မလား" ​ထောင်ရှန်သူ့ကိုစွပ်စွဲကာ​မေးမြန်း
လိုက်သည်။

"မင်းဘာ​တွေ​ပြော​နေတာလဲ၊မင်းဘဲယူထား
တာမဟုတ်ဘူးလား" လီယွမ်ယီရိုးသားသည့်ပုံစံဖြင့်
သူမလုပ်​ကြောင်းငြင်းဆိုလိုက်သည်။

"ငါအိတ်ကပ်ထဲမှာ​သေချာထည့်ထားတာပါ
ဒါ​ပေမယ့်ခုမရှိ​တော့ဘူး"

"အဲ့​ဒါနဲ့မင်းကကိုယ့်ကိုသံသယဝင်တယ်ပေါ့"

"မင်းမှမဟုတ်ရင်လည်းဘယ်သူဖြစ်နိုင်​သေးလို့လဲ"

လီယွမ်ယီမျက်နှာပျက်ယွင်းသွားသည်၊သည်းခံစိတ်ကုန်
သွားပြီး​ပေါက်ကွဲ​တော့မည့်ပုံစံဖြစ်​နေ​သော်လည်း
စိတ်ကိုတည်ငြိမ်​အောင်​ဖြေလျှော့လိုက်ပြီးပြုံးလိုက်ကာ
ပန်းကန်ကို​ထောင်ရှန်​ရှေ့ဆီသို့​​ရောက်​အောင်တွန်းပို့လိုက်သည်။

"စား​တော့​လေဒီနေ့မိုးမရွာ​တော့ကိုယ်မင်းကို
အပြင်ထွက်ပြီးလိုက်ပတ်ပြ​​ပေးမယ်"

"ငါမသွားချင်..."​ထောင်ရှန်ဖုန်းမြည်လာ​သော​ကြောင့်
​သေ​သေချာချာငြင်းဆိုခွင့်မရလိုက်။

လီယွမ်ယီဖုန်းပြန်​ဖြေဖို့အတွက်မီးဖို​ချောင်ထဲက​နေထွက်သွားသည်။​ထောင်ရှန်သူ့ကိုလိုက်ကြည့်​နေလိုက်ပြီးမီးဖို​ချောင်တံ​ခါး​ပေါက်ကိုအကြာကြီးစိုက်ကြည့်​​နေသည်။အဆုံးမှာ​တော့သူ့ရဲ့သိချင်စိတ်ကိုမထိန်းချုပ်နိုင်၍​ခြေသံတိုးတိုးတိတ်တိတ်ဖြင့်တံခါး​ပေါက်ဆီသို့သွားလိုက်ပြီး​ချောင်းနား​ထောင်လိုက်သည်။

City of Endless Rain « မြန်မာဘာသာပြန် »CompletedOnde histórias criam vida. Descubra agora