အခန်း(၇)

2K 368 7
                                    

(Unicode)

အခန်း(၇)

သူရဲ့နာမည်အပြည့်အစုံက ဂျိုးဇက်(ဖ်)​ထောင်ရှန်။
ကားမ​တော်တဆဖြစ်ပြီးဒီမြို့သို့​ရောက်ရှိလာခြင်း
ဖြစ်သည်။

သူ​ရှေ့ညကညလုံး​ပေါက်​နေခဲ့ပုံရသည်၊
ကား​မောင်း​နေရင်းအိပ်​ပျော်သွားခဲ့ပြီးလမ်းမ​ပေါ်မှာ
ရှိ​နေတဲ့သစ်ပင်ကိုဝင်တိုက်​စေခဲ့မိသည်။သူ့ကိုရှာ​တွေ့ခဲ့
​သောရဲအရာရှိရဲ့​ပြောကြားချက်အရက​တော့
သူ့ရဲ့ကားက​လုံးဝကိုပျက်စီးသွားခဲ့ပြီဖြစ်သည်။
လမ်းမ​ပေါ် ၌ ဘီး​ချော်သည့်အမှတ်အသားများများ
စားစားကိုလည်းမ​တွေ့ရ​သော​ကြောင့် တိုက်မိသည့်
အရှိန်ကအ​တော်​လေးကိုပြင်းထန်ပုံရသည်။

သူအသက်ရှင်​နေ​သေးသည်ကအ​တော်​လေး
ကိုအံ့သြဖို့​ကောင်း​နေသည်။

မ​တော်တဆမှုနဲ့ပတ်သတ်သည့်မှတ်ဥာဏ်​​တွေ
သူ့ဆီမှာမရှိ။သူသိသည်ကသူ့တစ်ကိုယ်လုံးမှာကျောက်ပတ်တီး၊ပိတ်ကျဲပတ်တီးတို့ဖြင့်​လွှမ်းခြုံရစ်ပတ်ခံထားရပြီး​သေ​ရေရှင်​ရေးအ​ခြေအ​နေသို့ရောက်ရှိ​နေသည်ကိုဘဲဖြစ်သည်။မ​မျှော်လင့်ထားဘဲနာကျင်ခြင်းကို​တော့သိပ်မခံစားရ။

​​ဆေးရုံသို့လာပြီးအချက်အလက်ယူဖို့ရဲအရာရှိတစ်ဦး
​ရောက်လာခဲ့ချိန်သူချက်ချင်းတွေးလိုက်မိသည်၊​
သေစမ်း!အကယ်လို့ငါ့လိုင်စင်ကိုယူထားမယ်
ဆိုရင်ဘယ်လိုလုပ်ကြမလဲ?သူကအမြဲလိုလိုအလုပ်ကိစ္စ
အတွက်မြို့တစ်မြို့က​နေတစ်မြို့ကိုကူးရ​သော
ကြောင့်သူ့အတွက်လိုင်စင်ကမရှိမဖြစ်လိုအပ်သည်။

သူထိုရဲအရာရှိကိုဖြစ်​ကြောင်းကုန်စင်​ပြောပြလိုက်ပြီး
​အဆက်မပြတ်သူ​နောင်တကြီးစွာရပြီဖြစ်​ကြောင်း
ပြသဖို့ကြိုးစား​နေသည်။

"​တော်လိုက်​တော့၊အားအင်​တွေကိုဖြုန်းတီးမ​နေနဲ့​တော့"

ရဲအရာရှိကသူရဲ့ ကြိုးစားအားထုတ်မှုကိုလျစ်လျူရှုလိုက်
​သော​ကြောင့်​ထောင်ရှန်မှာ​​ရွေးချယ်စရာမရှိ​တော့ဘဲ
လက်​လျှော့လိုက်ရ​တော့သည်။

သူလက်​လျှော့လိုက်သည်။

သူလက်​လျှော့လိုက်သည့်အချိန်၌လီယွမ်ယီ​ပေါ်လာခဲ့
သည်။သူရှိ​နေသည့်​​လူနာအခန်းတံခါးကိုတွန်းဖွင့်လာ
ပြီးသူ(လီယွမ်ယီ)နဲ့အတူဆန်းသစ်သည့်နှစ်လိုဖွယ်ရနံ့ကတွဲပါလာသည်။လီယွမ်ယီရဲ့ဆံပင်ခပ်တိုတိုနှင့်
သူရဲ့မိန်းမ​ချောမျက်နှာ​တို့​ပေါင်းစပ်လိုက်​သောအခါ
လန်းဆန်းကြည်လင်​သောသွင်ပြင်မျိုးကို​​ပေး​ဆောင်သည်။

City of Endless Rain « မြန်မာဘာသာပြန် »CompletedTempat cerita menjadi hidup. Temukan sekarang