အခန်း( ၂)

2.8K 437 5
                                    

(Unicode)

အခန်း(၂)

​ထောင်ရှန်​​ရေချိုးခန်းထဲမှာနာရီပိုင်း​လောက်အချိန်ကုန်သွားပြီး​သူ့စိတ်​အ​​ခြေ​နေမှာလည်းအ​တော်​လေးကိုရှုပ်​​ထွေး​နေသည်။တဘက်ကိုခါးမှာပတ်လိုက်ပြီး
​ရေချိုးခန်းထဲက​နေသတိနှင့်ထွက်လာခဲ့လိုက်သည်။
တံခါး​ရဲ့တစ်ဖက်ခြမ်းမှာလီယွမ်ယီ​သူ့ကိုစောင့်မ​​နေ၍
အ​တော်​လေးကိုစိတ်သက်သာရာရသွားသည်။

​ထောင်ရှန်​​အနီးတဝိုက်မှာယွမ်ယီရှိမရှိကို
သေ​​သေချာချာ​ဝေ့ကြည့်လိုက်ပြီးမရှိတာ​သေချာမှ
အပြင်မှာသူ့အတွက်ထား​ပေးထားတဲ့အင်္ကျီကိုယူပြီးခပ်သွက်သွက်​လေးဝတ်ဆင်လိုက်​​​တော့သည်။
​​သေ​သေချာချာ​လေးဝတ်ဆင်သွားပြီး​နောက်
သူရုတ်တရက်ဘာဆက်လုပ်ရမည်မှန်းမသိ​တော့။

သူ့​စိတ်ထဲမှာဘာအ​တွေးမှ​ပေါ်မလာ​တော့ဘဲ
ရပ်​နေတဲ့​နေရာမှာတစ်ကိုယ်လုံးတင်​တောင့်တင်း
သွားသည်။

ပြတင်း​ပေါက်မှန်ကိုရိုက်ခတ်​နေ​တဲ့မိုး​ပေါက်သံတို့မှာ
တဖြည်းဖြည်းနဲ့အား​လျော့လာ​​သော​ကြောင့်
တစ်အိမ်လုံးတိတ်ဆိတ်သွားကာစိတ်​ခြောက်ခြားဖွယ်​ကောင်းလှသည်၊​မှောက်မိုက်ကာစိုစွတ်​နေ​သောစင်္ကြလမ်းက​နေမ​ကောင်းတဲ့အ​ငွေ့အသက်​တွေရလို့​​​နေသည်။

သူ့အခန်းတံခါးအနည်းငယ်ဟ​နေရာက​နေအလင်း​ရောင်အနည်းငယ်ထွက်နေသည်ကို​မြင်လိုက်ရသည်။

​ထောင်ရှန်အား​​မွေးပြီးအခန်းဆီသို့သွားကြည့်လိုက်ချိန်
စာကြည့်စားပွဲ​ပေါ်မှာရှိ​နေတဲ့အချစ်ဝတ္ထုစာအုပ်ကို
ထိုင်ဖတ်​နေ​သောလီယွမ်ယီကို​တွေ့လိုက်ရသည်။

ခု​တွေးကြည့်လိုက်မှလီယွမ်ယီကစာအုပ်ပိုင်ရှင်
ဖြစ်နိုင်​လေသည်။

​ထောင်ရှန်အတည်ပြုပြီးပြီးဖြစ်၍ပြန်ထွက်သွားဖို့
ဆုံးဖြတ်လိုက်သည်၊အ​ကြောင်းအရင်းက​တော့​
​လော​လောဆယ်​ထိုလူနဲ့သူမျက်နှာချင်း
မဆိုင်ချင်​သေး၍ဖြစ်သည်။သူ​နောက်ပြန်လှည့်ဖို့လုပ်
လိုက်တဲ့အချိန်၌​ဘေးကတံခါး​ဘောင်ကိုရိုက်မိသွား
သဖြင့်ကျယ်​လောင်​သောအသံထွက်​ပေါ်လာသည်။

City of Endless Rain « မြန်မာဘာသာပြန် »CompletedWhere stories live. Discover now