အခန်း(၅)

2.1K 370 9
                                    


(Unicode)

အခန်း(၅)

"မင်းက​တော့သိမှာမဟုတ်​ပေမယ့်အခု
အပြင်ဘက်ကအ​ခြေ​နေကအ​တော်​လေး
အန္တာရယ်များ​နေတယ်" Jakeသည်သူတို့အိမ်ထဲက​​​နေစထွက်ကတည်းကအဆက်မပြတ်ပွစိပွစိ​ပြော​နေသည်
"ကောင်စုတ်ရဲ့ ဖြည်းဖြည်းသွားဟ။ဒီလိုအ​ခြေ​နေမျိုးကျမှလီယွမ်ယီကလည်းငါ့ကိုဘာလို့မင်းနဲ့ထားခဲ့ရတာလဲမသိဘူး?ဒီလိုမျိုး​​တွေကြုံ​​တွေ့  ခံစားရဖို့ငါဘာ​တွေများ
လုပ်ခဲ့မိလို့လဲ"

"ဘယ်လို​ကြောင့်အန္တာရယ်များတာလဲ?​
ပျောက်​နေတဲ့စစ်သားသုံး​ယောက်​ကြောင့်လား?"

"အာ.." Jakeစကားထစ်သွားပြီးပြန်
မ​ဖြေ​ပေးနိုင်ဖြစ်နေသည်။

"ဒါကလည်း​နောက်ထပ်လျို့ ဝှက်ချက်ဘဲလား?"
​ထောင်ရှန်မျက်ဖြူလှန်လိုက်မိသည်။

"အာလျှို့ဝှက်ချက်ရယ်လို့လို့​တော့မဟုတ်​ပေမယ့်
မင်းကို​ပြောလို့ရရဲ့လားဆိုတာကိုငါမသိဘူး"

"မင်းငါ့ကိုမ​ပြောပြရင်အပြင်မှာဘယ်လိုအန္တာရယ်မျိုး
ဖြစ်​နေလဲဆိုတာကိုဘယ်လိုလုပ်သိ​မှာလဲ"

"အဲဒါလည်းဟုတ်သားဘဲ။မင်းကို​ပြောပြလိုက်လည်း
ဘာမှမဖြစ်လောက်ဘူးထင်တာဘဲ" Jake​သေချာ
စဥ်းစားပြီး​နောက်ဖြစ်စဥ်အကုန်လုံးကိုသူ့အား
​ပြောပြလာသည်။

"​​စစ်သား​သုံး​ယောက်တွေရဲ့​နောက်​ကြောင်းရာဇဝင်ကိုငါတို့​တွေစစ်​ဆေးကြည့်လိုက်​တော့သူတို့ကတပ်ထဲက​နေထွက်​​ပြေးလာတဲ့သူ​တွေဖြစ်​နေတယ်။ငါတို့​တွေ
စစ်တပ်ကိုလည်းအ​ကြောင်းကြားထားတာမလို့
ဒီအ​ခြေ​နေကို​​ဖြေရှင်း​ပေးဖို့အတွက်သူတို့ဘက်က​နေ
လူလွှတ်​ပေးလိမ့်မယ်။ဒါ​ပေမယ့်သူတို့သုံး​ယောက်ကအခု​ပျောက်​နေတယ်....ဒီ​လောက်ဆိုဘယ်​လောက်အ​ခြေ​နေဆိုးမှန်မင်းလည်းသိပြီမလား?​ဟေး!နား​ထောင်နေရဲ့လား?​ဟေး!"
Jakeတစ်​ယောက်ကျိန်ဆဲရင်း​အော်ဟစ်​နေပြီး
သူ့​နောက်က​နေရန်ရှာ​နေသည်။​ထောင်ရှန်က​တော့
သူလုပ်​နေသမျှအသံ​တွေအတွက်သီးသန့်မကြားဟန်​ဆောင်လိုက်ပြီး​ခြေလှမ်းကျဲကြီး​တွေနဲ့​ရှေ့ကိုဆက်သွား​နေလိုက်သည်။

City of Endless Rain « မြန်မာဘာသာပြန် »CompletedWhere stories live. Discover now