အခန်း(၁)

6.6K 572 13
                                    


(Unicode)

အခန်း(၁)

​ထောင်ရှန်အိမ်မက်ဆိုး​တွေမက်​နေခဲ့သည်။

သူအလန့်တကြားဖြင့်​မောဟိုက်စွာနှိုးထလာခဲ့သည်၊
​လေထုထဲကစိုထိုင်းထိုင်းအနံ့နှင့် ရှင်းရှင်းလင်းလင်းကြား​နေရ​သောပြတင်း​ပေါက်အပြင်ဘက်မှမိုးသံတို့မှာတဖြည်းဖြည်းပိုမိုပြင်းထန်လာခဲ့သည်။

ဒါဖြင့်ဒါကတကယ့်အစစ်အမှန်​ပေါ့။

သူ​ဘေးပတ်ပတ်လည်ကို​သေချာကြည့်လိုက်သည်။
သူ့ကိုယ်သူအခြားကမ္ဘာတစ်ခုကို​ရောက်​နေသလိုခံစား​နေရတယ်၊ယခုသူ​ရောက်​နေတဲ့အခန်း​ကလည်းသူနှင့်ရင်နှီးမှုတစ်စက်မှရှိမ​​နေ​သော်လည်း ဒီအခန်းကသူ့အခန်းဆိုတာကိုသူ​တစ်နည်းနည်းဖြင့်သိ​နေသည်။အ​တော်​လေးကိုရှုပ်​ထွေး​နေ​ကာ​ဖော်ထုတ်မပြနိုင်​​​သောခံစားချက်ပင်ဖြစ်သည်။

ထိုအချိန်၌မျက်နှာချင်းဆိုင်တွင်ချိတ်ထားသော်
ဥသြငှက်တိုင်ကပ်နာရီမှ ရှစ်ကြိမ်မြည်တွင်လာပြီး
အချိန်အားဖြင့်ရှစ်နာရီဆိုတာကို​ဖော်ပြ​နေသည်။
သူရဲ့ပုံမှန်အိပ်ရာနှိုးထချိန်​က၈နာရီဖြစ်​သော​ကြောင့်
သူအချိန်ကိုက်နှိုးထလာခြင်းဖြစ်​သော်လည်း
ထိုတိုင်ကပ်​နာရီရှိ​နေခြင်းကို​​တော့သူမမှတ်မိ။
အရာအားလုံးကပုံမှန်ဖြစ်​နေသလိုခံစားရ​ပေမယ့်
တစ်ချိန်တည်းမှာဘဲပုံမှန်မဟုတ်​နေသည်ကို
ခံစားရပြန်သည်။

သူ့အကြည့်​တွေကိုအခြား​နေရာ​တွေသို့​ပြောင်း​ရွေ့
လိုက်ကာအခန်းကိုဆက်လက်​လေ့လာ​နေသည်။
အခန်းတွင်း၌ရိုးရိုးရှင်းရှင်းပရိ​ဘောဂများဖြစ်​သော
စာကြည့်စားပွဲ၊ထိုင်ခုံတစ်လုံးနဲ့
သူလဲ​​​လျောင်း​နေသည့်ကုတင်အပါအဝင်သာ
ခင်းကျင်း​​ထောက်ပံ့ထားသည်။

ကုတင်​ဘေးမှာရှိ​နေသည့်ပြတင်း​ပေါက်လိုက်ကာများကိုတင်းတင်းကျပ်ကျပ်စည်း​နှောင်ထား​​သော​ကြောင့်
အလင်းတန်းအမျှင်အနည်းငယ်​လောက်သာထိုး​ဖောက်
ဝင်​ရောက်နိုင်​သော​ကြောင့် အခန်းကပို၍​မှောင်မိုက်ကာ
စိုစွတ်​နေသည်။ပြတင်း​ပေါက်​ဘောင်​ပေါ်တွင်
ရှားစောင်းပင်​လေးစိုက်ထား​​သောအိုး​လေးတစ်အိုးရှိ​​နေသည်။စားပွဲခုံ​ပေါ်၌ စာအုပ်တစ်အုပ်ရှိ​နေပြီးဖွင့်လျက်အ​နေအထားတွင်ရှိပြီးအလယ်မှာ ​ရှည်လျားကာရွေ​ရောင်အဆင်းရှိ​သောစာမျက်နှာမှတ်သည့်​​ရွှေပြား​လေးရှိ​နေ​ပြီးဖတ်​နေရက်တန်းလန်းအ​နေအထားတွင်ရှိသည်။

City of Endless Rain « မြန်မာဘာသာပြန် »CompletedWhere stories live. Discover now