💕 Final (Uni) 💕

Mula dari awal
                                        

"Wow!! မိုက်တယ် အမြွှာ ညီလေးတွေ က လည်း အလင်းရောင် နဲ့ အလင်းသစ် ဟီး သားသား ညီညီလေးတွေ က အကုန်မိုက် "

"ဘာတွေမိုက်နေတာလဲ ပိုင်မှူးလေးရေ "

"ဟာ ဦးဦးရန် "

"ကိုကို ပိုင်မှူး " ခြူးရဲ့ လက်တစ်ဖက်စီကိုဆွဲကာ လှုပ်တုတ် လှုပ်တုတ် ဖြင့် လမ်းလျှောက်ပြီးဝင်လာသော အမြွှာ နှစ်ယောက်ကလည်း ပိုင်မှူးသော် မှ ပိုင်မှူးသော် ..

"ရောင်လေး နဲ့သစ်လေး "

အမြွှာနှစ်ယောက်ကလည်းစကားသာ သိပ်မပြောတတ်သေးကြတာ ပိုင်မှူးသော်ကျောင်းကပြန်လာတာ နှင့် သူတို့မှာ vd call ပြောရတာအမော ...
အခုလည်း တွေ့တာနှင့်ပြေးဖက်နေကြသည်..
ခြူးတို့ တွေလည်း ကလေးတွေကိုကြည့်ပြီး သဘောကျနေမိသည်...
အခုဆို သူငယ်ချင်း သုံးယောက်ဟာ အိမ်ထောင်အသီးသီး ကျပြီး ချစ်စရာ မိသားစုလေးတွေ ပိုင်ဆိုင်နေကြပြီလေ..ကလေးတွေကလည်းကိုယ်တွေလိုသံယောဇဥ်တွေတွယ်နေကြပြီ..

သော်သော်တို့ ဆေးရုံတွင်သတင်းမေးပြီးနောက် ရန်လေးတို့မိသားစုနှင့် ညစာအတူစားပြီးကာမှပြန်လာခဲ့ကြသည် ပိုင်မှူးလေးက ကားပေါ်တွင်အိပ်ပျော်ကာပါလာခဲ့သည်..ဒါကြောင့် သော်သော် လည်းသားလေးကို အိပ်ခန်းထဲသို့ချီခေါ်လာခဲ့ကာ အိမ်နေရင်းပွပွချောင်ချောင်အဝတ်အစားလေးများလဲဖယ်ပေးပြီးနောက် သိပ်ခဲ့ပြီးကာမှ အခန်းထဲပြန်ဝင်လာတော့ ကိုကိုကရေချိုးနေ၍ ကိုကို့ဖို့ ညအိတ်ဝတ်စုံလေးထုတ်ပေးကာကုတင်ပေါ်တွင်တင်ပေးထားလိုက်သည်..

စစ် , ရေချိုးပြီးထွက်လာတော့ အဝတ်အစားအဆင်သင့်ထုတ်ပေးထားသော အချစ်လေးကြောင့် စိတ်ကြည်နူးရပါသည်..

"ပြွတ်..ကိုကို့ ရဲ့ အချစ်လေး "

သော်သော့် အသစ်စမည့် Project အတွက် Laptop ဖွင့်ကာ စာကြည့်ခန်းထဲတွင် အလုပ်လုပ်နေတုန်း ကိုကို့ က အနောက်ကနေ သိုင်းဖက်ကာ ပါးလေးအားနမ်းရှိုက်လာသည်..

"ဘာလဲ ကိုကို ရဲ့ ၊ သော်သော် အလုပ်လုပ်ရဦးမယ်နော် "

"လုပ်ပါဗျာ ၊ ကိုကို့ အချစ်လေး ပင်ပန်းနေမှာစိုးလို့ အားဆေးလာဖြည့်ပေးတာပါ ချစ်တယ်"

"ဟား..ချစ်တယ် ကိုကို"

သော်သော် သဘောကျစွာ ရီမောပြီးနောက် ရေချိုးပြီးခါစ ဆပ်ပြာနံလေးသင်းနေသော ကိုကို့ မျက်နှာပြင်ချောချောလေးအား ပြန်လည် မွှေးကြူလိုက်သည်..

အိမ်ထောင်သက်တွေ ကြာလာပေမယ့်လည်း နှစ်ဦးသား တစ်ယောက်အပေါ် တစ်ယောက်ထားသည့် အချစ်တွေက မလျော့သည့်အပြင် ပို၍ပင် တိုးလာရကာနေ့ရက်တိုင်းကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပုံဖော်ဖြစ်ကြသည်..တစ်ဦးရဲ့လိုအပ်ချက် ကိုကျန်တစ်ဦးကနားလည်စွာ ဖြည့်စီးပေးရင်းဖြင့်ပေါ့..

အချစ်ကဘာလဲလို့မေးရင်...ရိုးရိုးရှင်းရှင်းလေးပဲဖြေမယ်...

တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှု ၊ နားလည်မှု ၊ ဂရုစိုက်မှု ၊ သစ္စာရှိမှု တွေဖြင့်နှလုံးသားနှစ်စုံကို ဆက်သွယ်ချိတ်ဆက်ထားသလိုအိမ်မက်တွေကိုလည်းအတူတူအကောင်အထည်ဖော်ကြခြင်းပါပဲ..

နောက်ဆုံးတော့ ကိုယ် Crush နေတဲ့ချစ်ရ သူကလည်း ကိုယ့်ခင်ပွန်းဖြစ်လာခဲ့ပြီလေ...
အယောင်ဆောင်ခြင်းကင်းမဲ့တဲ့ ချစ်ခြင်းမေတ္တာစစ်မှန်နေဖို့သာလိုပါတယ်...

>>>>THE END<<<<

Note:
KYAL ရဲ့ ဒုတိယမြောက် BL Fiction လေးကိုလိုအပ်ချက်တွေရှိသည့်ကြားကသည်းခံပြီးဖတ်ရှု့ပေးကြများကို အမှန်တကယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ..
အပန်းမကြီးဘူး ဆိုလျှင် သုံးသပ်ချက်လေးတွေနဲ့ ဝေဖန်ပေးသွားကြပါနော် ..
တတိယမြောက် BL Fiction လေးဖြစ်တဲ့
LOVE OR HATE ? လေးကိုလည်း ဆက်လက်လိုက်ပါဖတ်ရှု့ပေးကြဖို့မျှော်လင့်ပါတယ်... အားလုံးလည်း လိုအင်ဆန္ဒ တွေအမြန်ဆုံး ပြည့်ဝပါစေ 💕💕💕

ချစ်တဲ့
KYAL 🌟

I Have A Crush On You [Completed]Tempat di mana cerita hidup. Terokai sekarang