Part 30 (ZG)

4.6K 195 0
                                    

I Have A Crush On You

Part 30

Zawgyi

"စစ်, Duty ချိန်ကြီးဘယ်သွားမို့လဲ "

ရေးကြီးသုတ်ပြာဖြင့်ပြေးထွက်လာသော စစ် ကိုမြင်၍ ထူး လှမ်းမေးလိုက်တော့..

"သော်သော် ရုံးမှာ မူးလဲလို့တဲ့ကွ ရန်လေး ဖုန်းဆက်လို့ လိုက်သွားမလို့ "

"ဟာ ! ဘာဖြစ်ရတာလဲ ၊ သွားသွား ငါလူကြီးတွေကို အကျိုးအကြောင်းပြောထားပေးမယ် "

"အေးကွာ ကျေးဇူးပဲ "

စစ် , စိုးရိမ်ကာ အချစ်လေးတို့ ရုံးသို့ အမြန် မောင်းလာခဲ့လိုက်သည်..

"သော်သော် ရော ရန်လေး သတိရလာပြီလား "
စစ် , ရုံးရှေ့ Car Parking တွင် ရန်လေးအားတွေ့၍ လှမ်းမေးလိုက်သည်..

"ရပါပြီဗျာ..အခုပဲ ဟိုဘက်နှစ်တိုက်ကျော်က  ဆရာဝန်ကို ပြန်လိုက်ပို့တာ "

"အေးအေး တော်ပါသေးရဲ့ကွာ အကို သွားလိုက်ဦးမယ် "

စစ်လည်းသော်သော်တို့ နားနေခန်းသို့တံခါးဖွင့်ကာဝင်သွားတွေ့ပါပြီ ကုတင်လေးပေါ်မှာ လှဲနေသော မိမိ၏အချစ်လေး..

"ကိုကို "

"သော်သော် ရယ် ဘာဖြစ်တာလဲ၊ စိတ်ပူလိုက်ရတာ ကိုကိုပြောပါတယ် အစားအသောက်ကို ဂျီးမများပါနဲ့ ကြိုက်ကြိုက်မကြိုက်ကြိုက်စားပါဆို အခုတော့ အားနည်းပြီး မူးလဲပြီမှတ်လား "

စစ်,သော်သော် လှဲနေသည့်နားသို့တိုးကပ်ကာသွားရင် နှဖူးလေးအား လက်ဖြင့်အသာစမ်းလိုက်သည်..

"ဟာ! ကိုကိုကလည်း ပွစိပွစိ နဲ့ လူကဘာမှမဖြစ်ဘူး ဟောဒီကစုဘူးလေး ပူလာလို့ဖြစ်တာ "

"ဟမ် ဘယ်လို "

"ဟုတ်တယ် ဒီမှာ ကြည့် သော်သော့်ဗိုက်ထဲမှာ ကိုကို့ရင်သွေးလေးရောက်နေပြီ "

ကိုကို့လက်အား ဆွဲယူကာ ဗိုက်ပေါ်တင်ပေးလိုက်တော့ ကိုကိုက မျက်ရည်တွေဝိုင်းကာ သော်သော့်အား ဖက်လာသည်..

"ကျေးဇူး..ကျေးဇူးအများကြီးတင်ပါတယ် အချစ်လေးရယ် "

သော်သော်တို့စကားပြောနေကြတုန်း ဖေဖေ ကအခန်းထဲဝင်လာခဲ့သည်..

I Have A Crush On You [Completed]Where stories live. Discover now