Part 2 (ZG)

8.4K 312 2
                                    

I Have A Crush On You

Part 2

Zawgyi

"မေမေ တီတီ တာ့တာ "

ကျောင်းသွားခါနီး ကားနားကနေ မေမေနှင့် တီတီသိမ့်ကို နှုတ်ဆက်လိုက်သည်။ ယခုဆို သော့်သော်က လေးတန်းကျောင်းသား ကိုကိုက ခုနှစ်တန်းကျောင်းသားကြီးပေါ့ ၊ ကိုကိုတို့အိမ်က အကြိုအပို့ ဖြင့် ကျောင်းအတူတူတက်ကြသည် ။ ကိုကို က အတန်းကြီးလာသည်နှင့် အမျှ အရပ်ကြီး ရှည်လာပြီး အရင်ကလောက် ကစားဖို့ အချိန်များများ မရှိတော့...ကျောင်းရှိ ပညာရေးဆိုင်ရာ ပြိုင်ပွဲ တိုင်းတွင်လည်း ဆုအမြဲ ရကာ ကိုကို တို့အိမ်တွင် အပြည့် ၊ သော်သော် ကတော့ ခုထိ ပုပုလုံးလုံး လေးနှင့် အသားဖြူဖြူ အစားပုတ်လေးသာ ..စာကျက်ရမှာလည်း အရမ်းပျင်းတာ မေမေနဲ့ ကိုကို က ကြိုးစားဖို့ပြောလွန်း၍သာ စာပုံမှန်လုပ်နေရသည် ကိုကို လိုတော့ ပညာရေး ပြိုင်ပွဲတွေ ဝင်မပြိုင်ဖြစ်ခဲ့ပါ ...

"သော်သော် နေ့လည် မုန့်စားဆင်းချိန် ကိုကို့ ကိုစောင့်နေနော် လာခေါ်မယ် အပြင်ကိုအရင်မသွားနှင့်နဲ့ ကြားလား"

"ဟုတ် ကိုကို, သော်သော် စောင့်နေမယ်"

သော်သော် ထက် အရပ်ရှည်သော ကိုကို့အား မော့ကြည့်ကာ စကားဆိုတော့.. ကိုကိုက သော်သော့်ရဲ့ ခေါင်းရှိ ဆံပင် မွှေးမွှေးလုံးလုံး တွေကာ လက်ရှိ သပ်ကာ ပြုံး ပြပြီးထွက်သွား သည်။

"အဟမ်း အဟမ်း"

"ဘာလဲ ရန်လေး "

"မင်း မျက်လုံးကြီး ကျွတ်ကျသွားပြီ လားလို့ပါ အခန်းထဲ မဝင်သေးပဲ ဘာရပ်လုပ်နေ ဟိုကဖြင့် သူ့အခန်းထဲရောက်တော့မယ် "

ပြောလည်း ပြောချင်စရာ ပါလေ ခေါင်းလေးပုတ်ကာပြုံးပြသွားသော ကိုကို့ အပြုံးချိုချို လေးတွေကာ ငေးကာ ‌ထွက်သွားတာကို ရပ်ကြည့်မိနေသောကြောင့် ဘေးမှာ ထိုင်တဲ့ အတန်းဖော် ရန်လင်းအောင် က အနောက်ကရောက်လာကာ မေးပြီပေါ့...

I Have A Crush On You [Completed]Where stories live. Discover now