Part 7 (ZG)

5.5K 238 0
                                    

I Have A Crush On You

Part 7

Zawgyi

သုံးနှစ်ခန့်ကြာသော်

သော်သော် နှင့်ရန်လေးတို့ နှစ်ယောက်ကို မေမေတို့က စိတ်မချသဖြင့် ကိုကိုတို့လို ဘ္ဒောါ မထားတော့ပဲ အိမ်မှာပဲ ဆရာတွေခေါ်သင်စေသည် ..ကိုကို နှင့် ကိုထူး တို့ကလည်း 3rd MB ကျောင်းသားကြီးတွေ ဖြစ်ကာ သော်သော်တို့ကို ညစဉ် Guide သဘောမျိုး စာပြပေးကြသည်..
အခုဆို သော်သော်နှင့် ရန်လေးတို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်နေကြသည်မှာ အဆင်သင့်ဖြစ်လို့နေသည်..နဂိုထဲက ဉာဏ်ကောင်းကြသူတွေမို့ 8,9,10 တန်း သုံးနှစ်လုံး စိတ်နှစ်ကာ စာကြိုးလိုက်တော့ ဖေဖေ နဲ့ မေမေ တို့ဆို အမှတ်တွေကောင်းကာ ဆုများရလျှင် ဝမ်းသာဂုဏ်ယူနေတတ်ကြသည်..
သော်သော် ၉တန်း နှစ်ရောက်တော့ ယောကျာ်းလေးတို့ သဘာဝ အရ စပ်စပ်စုစုဖြင့် ရန်လေးကောင်းမှု အကြောင်းပြုကာ ကိုကို့ ကို အကိုရင်းထက်ပိုကာ ၁၅၀၀အချစ်မျိုးနှင့် ချစ်မိနေမှန်း သိလိုက်ရသည်..ကိုကို ကတော့အခုချိန်ထိ သော်သော့် အားညီလေးအရင်းသဖွယ် ဂရုစိုက်ပေးရှာပါသည်..သော်သော့် ဖက်ကသာ အရောင်ဆိုးခဲ့မိတာ..

"သော်သော် ဘာတွေ တွေးနေတာလဲ ၊ ပြီးပြီလား ကိုကို့ ရေးခိုင်းထားတဲ့ Essay ၊ ရန်လေးတောင် ပြီးနေပြီ "

စစ် က တပတ်တွင် လေးရက် Essay ခေါင်းစဉ် အမျိုးမျိုး ဖြင့် သော်သော် နှင့် ရန်လေး တို့အား လေ့ကျင့်စေသည် ၊ အလွတ်ကျက် အသေမှတ်သည့် နည်းထက် Grammar မှန်မှန်ဖြင့် sentence တွေတည်ဆောက်တတ်ရန် ဘယ်ခေါင်းစဉ် လာလာရေးတတ်စေရန် ရည်ရွယ်သည်လေ..

"ဟီး ပြီးပါပြီ ကိုကိုရဲ့ မတွေးပါဘူး ၊ စာလုံးပေါင်းတွေ မှန်မမှန် သေချာအောင်ပြန် စစ်နေတာပါ "

သော်သော် တစ်ယောက် ကိုကို့အား မုသားဆိုလိုက်မိသည် အမှန်တော့ သူ အရှေ့တွင် ချထားသော ကိုကိုရဲ့ လက်ချောင်းဖြူဖြူ သွယ်သွယ်လေးများကို ငေးနေမိတာပါလေ ၊ ကိုကို ကစာသင်ရင် အမှားမခံ ၊ နည်းနည်းလေး မှားပြီ သို့မဟုတ် စိတ်မဝင်စားပဲ ငေးနေတာတို့ဆိုလျှင် သော်သော်တို့ကို ထိုင်ထ လုပ်ခိုင်းတတ်သည်..
ရန်လေးကတော့ သော်သော့်အကြောင်းအတွင်းသိအဆင်းသိမို့ တခွိခွိ နဲ့ ကြိတ်ရီနေသည်..

I Have A Crush On You [Completed]Where stories live. Discover now