Part 12 (Uni)

10.4K 905 8
                                    

I Have A Crush On You

Part 12

Unicode

စစ် , မေမေ ခိုင်းထား၍ Junction ရှိ တော်ဝင်နန်းရတနာဆိုင် မှ ပစ္စည်းတစ်ချို့ လာယူပြီး သော်သော် ကြိုက်သည့် KFC ဆိုင်ရှေ့ရောက်တော့ သတိရကာ အိမ်အပြန်ဝင်ပေးဖို့ ဆိုင်ထဲဝင်ကာ Order မှာနေလိုက်သည်.. လူကျနေ၍မှာထားသည့် orderမရသေးခင် စားပွဲတွင်ဝင်ထိုင်ကာ စောင့်နေရင်း ဘာရယ်မဟုတ် ဆိုင်ထဲသို့ ဝေ့ကြည့်လိုက်မိတော့ ဟိုတစ်နေ့က သော်သော် နှင့် chat နေသော ကောင်လေး က သော်သော် ့ နှုတ်ခမ်းကို တစ်ရှူးလေး ကိုင်ကာ သုတ်ပေးနေသည့် မြင်ကွင်း ..ဒါကို သော်သော်က လည်း မငြင်းပဲ မျက်လုံး လေးပြူးကာ ထိုကောင်လေးကပြန်ကြည့်နေလေသည်...စစ် , ဘယ်လိုမှ ဆက်ကြည့်မနေနိုင်တော့ပဲ သော်သော့် တို့ဝိုင်း တို့ထလျှောက်လာခဲ့သည်...

"သော်သော် ထ ပြန်မယ် "

စစ်, သော်သော် လက်အား ဆွဲကာ ပြန်ဖို့ပြောလိုက်တော့

"ဟင် ကိုကို !"

"အကို က ဘယ်သူလဲဗျ ၊ ဘာကိစ္စ ခန့် လက်ကို လာဆွဲနေတာလဲ "

သော်သော် နှင့် အတူ ထိုင်နေသော ကောင်လေးက မတ်တပ်ရပ် ကာ သော်သော့် လက်တစ်ဖက်အားဆွဲထားလေသည် ...
ထိုကောင်လေး အရပ် သည် စစ်, နီးနီး ရှိသည် သော်သော် ကသာ 5'5" မှဆက်မထွက်တာ....

"အကို က သော်ဇင်ခန့် အကို စစ်မှူးခန့် ပါ ၊ ညီကကော "

"အာ ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ၊ အကို့အကြောင်း တော့ ခန့် နဲ့ ရန်လေး တို့ပြောပြောနေတာကြာဖူး ပါတယ် ကျွန်တော့် နာမည် ဟိဏ်းထက်ယံ ပါခင်ဗျ ခန့်တို့ နဲ့ သင်တန်းအတူတူတက်နေကြတာပါ "

"လက်ကိုလွှတ်တော့လေ "

သော်သော် လည်း မိမိ လက်ကို တစ်ယောက်တစ်ဖက်စီဆွဲထား ကာ မတ်တပ် ရပ်ပြီး စကားပြောနေသည့် ထိုနှစ်ယောက် ကြောင့် စိတ်မရှည်တော့ပဲ ပြောလိုက်တော့မှ လွှတ်ပေးကြတော့သည်..

"မေမေတို့က သော်သော့် ကို ကြိုပြီးအိမ်ပြန်လာဖို့ ကိုကို့ ကိုမှာထားတာ အခုဒီမှာ တွေ့တော့ တစ်ခါထဲ အိမ်ပြန်ကြတာပေါ့ ၊ ခွင့်ပြုပါဦး ညီလေးဟိဏ်းထက်ယံ "

I Have A Crush On You [Completed]Where stories live. Discover now