Part 11 (ZG)

4.9K 233 0
                                    

I Have A Crush On You

Part 11

Zawgyi

သော်သော် တစ်ယောက် ငွေဆောင် ကပြန်ရောက် လာပြီးထဲ က ကိုကို တို့အိမ်ဘက် ခြေဦးမလှည့်တော့သလို အိမ်လည်း မကပ်တော့ ..
ရန်လေး နှင့်အတူ မိုးလင်း မိုးချုပ် IELTS , Computer နှင့် Dancer သင်တန်းတို့တွင်သာ အချိန်ဖြုန်းနေလိုက်သည်...

"သားလေး ရေ ဟိုဘက်ခြံက တီတီသိမ့် ထံကို ဒီဘူးလေးသွားပေးပေးလိုက် ၊ မေမေ နေသိပ်မကောင်းချင်လို့ "

"ဟာ မေမေကလည်း သားမသွားချင်ပါဘူး"

"ဘာကို မသွားချင်ရတာလဲ သော်သော် ၊ အရင်ကဖြင့် အိမ်တောင်မကပ်ပဲ ကိုကို မှ ကိုကိုနဲ့ ဟိုဘက်ခြံ သွားနေပြီးတော့ အခုဘာဖြစ်ရတာလဲ "

"ဘာမှမဖြစ်ရပါဘူး သား ဒီမှာသင်တန်းက အိမ်စာတွေ မပြီးသေးလို့ပါ "

"အပိုတွေမပြောနဲ့ သော်သော် သားစစ် နဲ့ မင်း စိတ်ကောက်နေကြတာ မှတ်လား ၊ သွား အခုလည်း ပစ္စည်း သွားပေးတာ အချိန်သိပ်ကြာတာမဟုတ်ဘူး ၊ ပြောနေရတာဖြင့် အချိန်ပိုကုန်သေးတယ် "

သော်သော် လည်း မေမေပြောတာအမှန်တွေမို့ အထွန့်ထက်မတက်တော့ပဲ တစ်ဖက်ခြံ ကအန်တီသိမ့် တို့ထံထွက်လာတော့သည်..ရောက်လာနှင့် မတွေ့ချင်ပါဘူးဆို ကိုကို နှင့် ဟိုအစ်မကြီးတွယ်တာမေ ခြံထဲရှိ Pool House တွင်ထိုင်ကာ စာလုပ်နေကြသည်..သော်သော် လည်း မမြင်ချင်ယောင်ဆောင်ကာ တီတီသိမ့် ရှိရာ အိမ်ထဲသို့ ဝင်လာခဲ့သည်..

သော်သော် လည်း မမြင်ချင်ယောင်ဆောင်ကာ တီတီသိမ့် ရှိရာ အိမ်ထဲသို့ ဝင်လာခဲ့သည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"တီတီသိမ့်ရေ တီတီသိမ့် "

ဧည့်ခန်းထဲတွင် မတွေ့သဖြင့် မီးဖိုချောင်ထဲကို လျှောက်လာကာ ခေါ်သော်လည်း မတွေ့ ကြည့်ရတာ အပေါ်ထပ်အခန်းထဲများရောက်နေလားမသိ သော်သော် လည်း မေမေက လက်ထဲအရောက်အပ်ရန် မှာလိုက်မှာမို့ ဧည့်ခန်း Sofa တွင်ဝင်ထိုင်ကာ စောင့်နေလိုက်သည်...

I Have A Crush On You [Completed]Where stories live. Discover now