Part 13 (Uni)

10.2K 874 9
                                    

I Have A Crush On You

Part 13

Unicode

သကြ ်န်အကျနေ့

"သား စစ် ဘယ်သွား မလို့လဲ "

ဒေါ်သိမ့်မှူးခင် တစ်ယောက် မိမိ၏ သားအား ထူးထူးခြားခြား သကြ္န်တွင်း မိုးကာ အကျီ ဝတ်ထားကာ ဦးထုပ်ဆောင်း၍ mask ပါတပ်ထားသောကြောင့် လူတောင်မှားသွားရသည်...ပုံမှန်အားဖြင့် အရင်နှစ်တွေဆို သော်သော် နှင့် ခနတဖြုတ် ဆော့ပြီးတာနှင့် စာအုပ်တွေဖြင့်သာ အချိန်ကုန်တတ်တာလေ..ဒီနှစ်တော့ ထူးထူးခြားခြား အရင်လိုမဟုတ်တော့...

" ဟို နှစ်တိုင်း အိမ်ထဲမှာ နေဖြစ်တော့ ဒီနှစ်
သကြ္န် တော့ ထူး တို့ နဲ့လည် မလို့ မေမေ "

" ဪ အေးပါ ဂရုစိုက် သွားကြနော် သားတို့ , အရက်တွေ ဘီယာတွေလည်း မသောက်ကြနဲ့နော် , အန္တရာယ်ဖြစ်မယ် "

"ဟုတ်ကဲ့ မေမေ"
"စိတ်ချပါ အန်တီ ၊ ကျွန်တော်လည်း ပါပါတယ် စစ်, ကလည်း အရက် ဘီယာ မကြိုက်ပါဘူး "

"အေးပါကွယ် သိပ်မိုးမချုပ်စေနဲ့နော် ၊ သားထူး လည်း မသက်ထားတို့ စိတ်ပူနေလိမ့်မယ် ကြားလား"

"ဟုတ်ကဲ့" >>သံပြိုင်<<

သော်သော် တစ်ယောက် သကြ ်န်ကားပေါ်တွင် စစ် ပါလာသည်ကို မသိ ရန်လေး နှင့် ဟိဏ်း တို့ဖြင့်အတူ ခုန်ပေါက် ကခုန်နေသည်...မဏ္ဍပ် တွေရှေ့ရောက်တိုင်း မီးသတ်ပိုက်ဖြင့် ထိုးကြသဖြင့် သော်သော် ထိုင်ချလိုက်သည်..စစ်,လည်း သော‌်သော် အား ဝိုင်းထိုးကြမည်ဆိုးကာ မိမိခန္ဓာကိုယ်ဖြင့် တင်းနေအောင်ဖက်ထားလိုက်သည်..သော်သော် လည်း ဟိဏ်းဖက်ထားသည်ထင်၍ ခေါင်းလေးဝှက်ကာ ငြိမ်နေသည်.. မဏ္ဍပ်တွေ လွန်လာပြီး မှ သော်သော် မိမိ အားဖက်ထားသည့် လက်အားရုန်းကာ မော့လိုက်တော့ နေကာ မျက်မှန်တပ်ထားကာ mask ဖြင့်မျက်နှာကို အုပ်ထား၍ဘယ်သူမှန်းမသိလိုက် ခန္ဓာကိုယ်က ကိုကို နှင့် ဆင်ပေမယ့် ကိုကို က ဘယ်တုန်းကမှ လည်တာမဟုတ်ဘူးမှတ်လား...

"ဟို ကျေးဇူးပါနော် "

သော်သော် ကျေးဇူးတင် စကားဆိုလိုက်သော်လည်း ထိုလူက ခေါင်းသာ ညိမ့်ပြသည်...

I Have A Crush On You [Completed]Where stories live. Discover now