ဟုတ်ပါ့ ကိုထူးပြော ၍ ကြည့်လိုက်သော မိမိ ဆွဲစုပ်ထားသည့် သူ့ဆံပင် တစ်ချို့ သည်ကျွတ်ထွက်ကာ လက်မှာပင်ကပ်နေသည်..
"ဟင့်!ကိုထူး အရမ်းသွားလာဟင် ၊ ယံလေး တောင်းပန်ပါတယ်နော် ဗိုက်ထဲက ကလေးကြောင့်ပါ "
ဟုတ်ပါသည် အခု ဟိဏ်းက ခန့်၏ အထူးလက်ဖွဲ့ကြီးကြောင့်ရယ် ကိုထူးရဲ့အစွမ်းရယ် ဖြင့်ကိုကိုတို့ LOYAL HOSPITAL တွင်ပဲ မွေးရက်ထက်စောပြီးဗိုက်နာကာ မွေးချင်လာသည့်အတွက် ခွဲခန်းသို့သွားနေသည့် လမ်းတွင်ဖြစ်သည်..ဆေးရုံ မှ လူတစ်ချို့ကလည်း ဟိဏ်းတို့ကြည့်ကာ အသံထွက်မရီကြပေမယ့် ပြုံးစိ ပြုံးစိ ဖြင့်..
.
.
"နိုးပြီလား ဟိဏ်း "
"ဪ ရောက်လာပြီပေါ့ ကျေးဇူးရှင်လေး ခန့် "
"ဟီး မင်းကလည်း ငါ့ကိုအာ့လိုကြီး ဂုဏ်မဖော်ပါနဲ့ "
"ယီး မို့ မင်းလုပ်လို့ ငါနာရတာ မမေ့ဘူးဟျောင့် "
"ဟာ မင်းကလည်း အရင်ကတော့ ခန့်ကိုချစ်ပါတယ်ဆို ၊ ပြီးတော့အခုက ငါလုပ်တာမဟုတ်ဘူးနော် မင်းယောကျာ်း ကိုထူး လုပ်တာ "
"ဟျောင့် ရေ အရင်က ချစ်တာက အရင်ကပဲ ၊ အခုကတော့ ငါ့ကိုကိုပဲ "
"မင်းမချစ်လည်း ရပါတယ်ကွာ ၊ ငါ့မှာ ငါ့ကိုချစ်တဲ့ ယောကျာ်းကော သားကောရှိတယ်ကွ "
"ဟျောင့် ငါ့မှာလည်း သားနဲ့ယောကျာ်းနဲ့ပါပဲကွ "
ထူး နဲ့ စစ်တို့ လည်း အခန်းထဲတွင် စနောက်ကာ ငြင်းခုံနေကြသည့် မိမိတို့၏ ချစ်လင်ခင်ပွန်းလေးတွေကိုကြည့်ကာ သဘောကျရီမောနေမိသည်...
"Daddy ဒီညီညီလေးကိုကော သားသား ယူလို့ရလား "
"ဟေ!!!!"
ငါးနှစ်သားလေး ပိုင်မှူးသော်၏ စကားကြောင့် အဖေလေးယောက်လုံးလည်း ပြိုင်တူ ဟေ မိသည်...
"ဟင် ရလားလို့Daddy..ညီညီလေး နာမည်ကကော "
"မေးနေပြီ ထူးရေ၊ ဖြေလိုက်တော့ "
"ရတာပေါ့သားရယ် ၊ သားညီညီလေးတွေ အကုန်သားအပိုင် ဟုတ်ပြီလား ၊ ညီညီလေး နာမည်က ရှင်းဟိဏ်းဆက် တဲ့ "
YOU ARE READING
I Have A Crush On You [Completed]
RomanceUnicode ငယ်ငယ်လေးထဲကနှစ်အိမ်တစ်အိမ်နေလာတဲ့သူနှစ်ယောက်ကြီးလာတော့ တစ်ယောက်က သဘောထားတွေစတင်ပြောင်းလဲလာတဲ့အခါ...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အတူတူစီးမြောလိုက်ကြရအောင်နော် 🤍🤍🤍 စစ်မှူးခန့် သော်ဇင်ခန့် 𝓢𝓽𝓪𝓻𝓽 28 𝓜𝓪𝓻 2021 𝓔𝓷𝓭 23 𝓐𝓹𝓻 2021 Zawgyi ငယ...
💕 Final (Uni) 💕
Start from the beginning
![I Have A Crush On You [Completed]](https://img.wattpad.com/cover/263310116-64-k982454.jpg)