"သော်သော် တို့ လာပြီလားကွ လာဒီမှာထိုင် "
"အေးးရန်လေး ၊ ကိုထူး တို့ ဟိဏ်းတို့ကော "
"ဟိုဘက်မှာ ဧည့်သည်တွေနဲ့ ဓာတ်ပုံအရိုက်ခံနေကြတယ်ကွ ၊ ငါတို့လင်မယားက မင်းတို့မိသားစုကိုစောင့်နေတာ တူတူဓာတ်ပုံရိုက်ကြမလို့ "
ဓာတ်ပုံဆိုတဲ့ အသံကြားတာနဲ့ ပိုင်မှူးသော်တို့က တခ်ခ် ဖြင့် လက်ခုပ်လေးတီးလေသည်..
"အေး သွားကြမယ်လေ "
.
.
"Congratulations !! ထူး နဲ့ ညီလေး ဟိဏ်း ၊ အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ "
"သားသမီးတွေလည်းအများကြီးရပါစေ "
"ဟား !ခြူးကတော့ လုပ်ပြီ "
"ခြူး တင်မဟုတ်ဘူး ဟိဏ်း ၊ ရော့ ဒီမှာ မင်းအတွက် လက်ဖွဲ့ "
"အာ..ရပါတယ် ခန့်ရဲ့ "
"မရဘူးကွ ၊ အဲ့တာမင်းအတွက် သော်သော်က သူ့ကိုခွဲစိတ်ပေးတဲ့ဆရာဝန်စီမှာ အကုန်အကျခံပြီး စီစဥ်ပြီးပြီး မင်းသာ Singapore သွားဖို့ပဲ လိုတော့တယ် '' ဟု ရန်လေးလည်းပြောလိုက်တော့..
"ဟင် ဘယ်လို ဘယ်လို ခန့် မနောက်ရဘူးနော် "
"ဟုတ်လားသော်သော် "
ကိုထူးကပါအံဩပြီး မေးလာသည်..
"ဟီး ဟုတ်တယ် ကိုထူးတို့ မဂ္လာဆောင်တော့မယ် ဆိုထဲကကိုကိုနဲ့တိုင်ပင်ပြီး ဒီ လက်ဖွဲ့ကိုရွေးလိုက်တာ "
"အေးရောကွာ "
ဟိဏ်း၏ အောင့်သက်သက် ထွက်လာသည့်အသံကြောင့် အားလုံးကရီမောဖြစ်ကြသည်..မဂ္လာလေးပွဲလေးကလည်း နှစ်ဖက်မိဘ အစုံအလင် ဂုဏ်ပြုချီးမြှင့်ကြသည့် မိတ်ဆွေအများအပြားဖြင့် လှလှပပေလးကျင်းပလို့ပြီးမြောက်ခဲ့သည်...
.
.
"အားးး!!! ကိုထူး နာတယ် မခံစားနိုင်တော့ဘူး အရမ်းနာနေပြီ "
"အင်း ခနလေး သည်းခံနော် ယံလေး ခနပဲ ပြီးရင် အဆင်ေပြသွားမှာ"
"အီး !!မေမေ ရေ သားကို လာကြည့်ပါဦး ၊ ဒီလူကြီးက သူ, မခံစားရတာနဲ့ သားကိုပြောနေတယ် "
"အာ မဟုတ်ပါဘူး ယံလေး ရယ် ကိုလည်း နာနေတာ ပဲ ၊ ယံလေး လက်ကို ကြည့်ပါ လား "
YOU ARE READING
I Have A Crush On You [Completed]
RomanceUnicode ငယ်ငယ်လေးထဲကနှစ်အိမ်တစ်အိမ်နေလာတဲ့သူနှစ်ယောက်ကြီးလာတော့ တစ်ယောက်က သဘောထားတွေစတင်ပြောင်းလဲလာတဲ့အခါ...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အတူတူစီးမြောလိုက်ကြရအောင်နော် 🤍🤍🤍 စစ်မှူးခန့် သော်ဇင်ခန့် 𝓢𝓽𝓪𝓻𝓽 28 𝓜𝓪𝓻 2021 𝓔𝓷𝓭 23 𝓐𝓹𝓻 2021 Zawgyi ငယ...
💕 Final (Uni) 💕
Start from the beginning
![I Have A Crush On You [Completed]](https://img.wattpad.com/cover/263310116-64-k982454.jpg)