အခန်း (၉၇)

8.2K 856 13
                                    

Unicode

ရုတ်တရက်ဆိုသလို သူမ အား Huo YanXiao မေးခွန်းတစ်ခု မေးလိုက်သည်။

"An An ၊ မင်းက အသက် ၁၈ နှစ်ရှိပြီလို့ ပြောခဲ့တယ်နော်။ အဲ့ဒီတော့ ၁၈ နှစ်ပြည့်မှာကို ပြောတာလား၊ ၁၈ နှစ်ပြည့်ပြီးသားလို့ ပြောတာလား။"

ထိုမေးခွန်း မေးလာသည့်အကြောင်းရင်းကို Nie AnAn မသိသော်လည်း အမှန်အတိုင်း ဖြေလိုက်သည်။

"၁၈ နှစ်ပြည့်တာကို ပြောတာပါ။ ပြီးခဲ့တဲ့လက ညီမလေးရဲ့ မွေးလ။"

ထိုအခါမှသာ Huo YanXiao စိတ်သက်သာရာရသွားကာ သက်ပြင်းချနိုင်တော့သည်။

အခန်းတစ်ခုလုံး မှောင်နေသည့်အတွက် Huo YanXiao ၏ မျက်နှာအမူအရာကို မမြင်ရသော်လည်း ဆွဲဆာင်ရှိလှသည့် သူ၏ရှတတ အသံတို့က သူမ နားထဲမှတစ်ဆင့် နှလုံးသားဆီသို့ တန်းတန်းမတ်မတ်ရောက်သွားသည်။ 

"မင်းက အရမ်းအသက်ငယ်သေးတယ်ဆိုပြီး ငါအမြဲ စိတ်ပူခဲ့ရတာ... ပြီးတော့လည်း အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်ကို ငါဘာမှ လုပ်ခွင့်မရှိဘူးလေ။"

ထိုသို့ ပြောလာသည့်အခါ Nie AnAn မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူပြောနေသည့် စကားလုံးများ၏ အဓိပ္ပါယ်က သေသေချာချာတွေးကြည့်လျှင်...

ဆူပွက်နေသည့် ဆီအိုးထဲ၌ ရေထည့်လိုက်ချိန်၌ တရှဲရှဲမြည်သွားသကဲ့သို့ တိတ်ဆိတ်အိပ်မောကျနေသည့် သူမ နှလုံးသားတစ်ခုလုံး လှုပ်နှိုးသွားသည်။

Huo YanXiao က ဤမျှနှင့်မရပ်သေးဘဲ ဆက်ပြောလာသည်မှာ

"ဒီတော့ အခုချိန်ကစပြီး ငါဘာမှ စိုးရိမ်နေစရာ မလိုတော့ဘူး။"

ထိုသို့ပြောပြီးသည်နှင့်ချက်ချင်း သူမ ကိုယ်လေးအား ရုတ်တရက် ပွေ့ဖက်ထားလိုက်တော့သည်။ လုံးဝ မထင်မှတ်ထားသည့်အတွက် သူမ တစ်ကိုယ်လုံး ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်တောင့်ကြီးဖြစ်သွားသည်ကို သူ သတိပြုမိသည့်အခါ သူမ ခေါင်းကလေးအား အသာအယာ သပ်ကာ

"An An ၊ မင်းစိတ်ကို ပြင်ဆင်ထားဖို့ ငါ အချိန် တစ်လပေးမယ်။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now