အခန်း (၆၄)

9.1K 1.2K 51
                                    

Unicode

"ကျွန်တော်တို့နှစ်ယောက်လည်း စာအိတ်ဖွင့်မကြည့်ရသေးတော့ အဖြေမသိသေးဘူးအဖေ။"

ဟူ၍ Nie ပါးပါး ဖြေလိုက်သည်။ ဆိုဖာခုံတွင်ဝင်ထိုင်ရင်း ဆေးအဖြေစာအိတ်ကို ဖွင့်ရန်ပြင်နေသည့် သူ့လက်နှစ်ဖက်လုံးတွင် ချွေးစေးများထွက်နေပြီဖြစ်သည်။

စာအိတ်ထဲမှ DNA ဆေးစစ်ချက်ရလဒ်ကို Nie ပါးပါး ဆွဲထုတ်လိုက်ချိန်၌ စိတ်လှုပ်ရှားနေသည့် Nie ဘိုးဘိုးမှာ သူ၏စာကြည့်မျက်မှန်ကို ကပျာကယာ ထရှာလေတော့သည်။

ထို့နောက် Nie ပါးပါးအနားသို့ ကပ်လိုက်ကာ သူ့လက်ထဲမှ ဆေးအဖြေကို ကြည့်လေတော့သည်။

" DNA မျိုးရိုးဗီဇစမ်းသပ်ရန်အတွက် ပေးပို့လာသည့် ဓာတ်ခွဲနမူနာ ၁၀၁၂ - န သည် ဓာတ်ခွဲနမူနာ ၁၀၃ - ဖ နှင့် သားအဖအဖြစ်တော်စပ်သည်မှာ မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။"

ဧည့်ခန်းထဲမှ Nie မိသားစုသုံးယောက်တို့မှာ လက်ထဲမှ ဆေးစစ်ချက်စာရွက်ကို အကြိမ်ကြိမ်အခါအခါကြည့်ပြီးချိန်၌ အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။ အချိန်ခဏကြာသည့်အခါမှသာ Nie မားမား တစ်ယောက် သတိပြန်ဝင်လာပြီး ဝမ်းသာအားရ ထအော်တော့သည်။

" ဘုရားရေ!! AnAn လေးက ကျွန်မသမီးလေးလို့ ရေးထားတာဆိုတော့... လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာကြာက ပျောက်သွားခဲ့တဲ့ ကျွန်မတို့ရဲ့ အဖိုးတန်ရတနာလေးကို ပြန်ရှာတွေ့ပြီပေါ့!!"

"ဒါဆိုရင် အခုချက်ချင်းပဲ ChengFeng ကို ဖုန်းလှမ်းဆက်ပြီး AnAn လေးကို သွားပြန်ခေါ်ဖို့ သူ့ကိုပြောရအောင်!

ဟူ၍ Nie ပါးပါးလည်း ဝင်ပြောတော့သည်။

(T/N : လာပြန်ပြီ တွေ့လား၊ ခိုင်းဖို့ဆိုရင် ChengFeng ကိုပဲ သတိရကြပြီ😪။)

" ChengFeng ကိုယ်တိုင်တောင် သူမှာ ညီမလေးရှိမှန်း မသိသေးဘူး။ အဲ့ဒီတုန်းကဖြစ်ခဲ့တဲ့ မီးလောင်မှုကြီးကြောင့် ChengFeng အကြီးအကျယ်ဖျားပြီးတဲ့အခါ အရှေ့မှာဖြစ်ခဲ့တဲ့ အကြောင်းအရာတွေအားလုံးကို သူဘာတစ်ခုမှ မမှတ်မိတော့ဘူးဆိုတာ မမေ့ကြနဲ့ဦး။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now