အခန်း (၆၃)

9.5K 1.2K 79
                                    

Unicode

ခဏကြာသည့်အခါ အိမ်ပြန်ချိန်ရောက်နေပြီဖြစ်၍ Nie မားမားမှာ Nie AnAn အား မလွှတ်ချင်လွှတ်ချင်နှင့်သာ ခွင့်ပြုလိုက်ရတော့သည်။

Nie AnAn အိမ်ပြန်သွားပြီးသည့်အခါ သူမ ကိုယ်တိုင်လည်း နေ့လည်ခင်း တစ်ရေးအိပ်ရန် ပြင်လိုက်သည်။ ထိုအချိန်၌ မီးဖိုချောင်ထဲမှ ထွက်လာသည့် Nie ပါးပါး၏ ပါးစပ်နားတွင်ဆီများပေနေသည်ကို တွေ့လိုက်ရသည်။

(T/N : Nie မားမား အမှုလိုက်ပါတော့မယ်။ 😝)

တစ်ခုခုကိုတွေးမိသွားသည့် Nie မားမားမှာ ခင်ပွန်းဖြစ်သူအနားသို့သွား၍ ဆီပေနေသည့်သူ့မျက်နှာကို သေချာကြည့်ပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။

စောစောက နေ့လည်စာစားပြီးချိန်၌ ထမင်းဟင်းလျာများပိုလျှံနေသဖြင့် ရေခဲသေတ္တာထဲ၌ သိမ်းဆည်းထားလိုက်သည်။ ထိုအထဲမှ ကြက်အသည်းမြစ်ဟင်းခွက်မှာ ပျောက်ချင်းမလှပျောက်နေလေသည်။

"ရှင်... ဘယ်လိုဖြစ်ပြီးတော့ ကြက်သားပန်းကန်တစ်ခုလုံးကို စားပစ်လိုက်ရတာလဲ!!!"

(T/N Nie ပါးပါး ရယ် မကြီးမငယ်နဲ့၊ ကိုယ့်အိမ်မှာ ခိုးကြောင်ခိုးဝှက်စားရတဲ့အဖြစ်😂)

" AnAn လေးရဲ့ ဟင်းချက်လက်ရာလေးက သိပ်ကောင်းနေတော့ အခုလိုစားမိတာ ကိုယ့်အပြစ်မဟုတ်ဘူးလေကွာ။"

လက်ပူးလက်ကြပ်မိသွားသည့် Nie ပါးပါးမှာ ယုတ္တိရှိသည့်အဖြေကို ပေးရတော့သည်။ ထို့နောက် စကားလမ်းကြောင်းလွှဲလိုက်ကာ

"ဒါနဲ့ DNA စစ်ဆေးဖို့ AnAn မသိအောင် သူ့ဆံပင်အချို့ ယူထားမယ်လို့ မင်းပြောထားတာရော ဘယ်လိုလဲ၊ ရခဲ့လား။"

(T/N : ဒီနှစ်ယောက်က အကြားအမြင် ရနေတာလား။😮😮😮)

ထိုအချိန်မှသာ Nie AnAn ၏ဆံပင်ယူရမည့် ကိစ္စကို သူမ ပြန်သတိရသွားသည်။

"အိုး... AnAn လေးနဲ့တွေ့နေတုန်းက ကျွန်မ အပျော်လွန်နေတော့ ဆံပင်ယူထားဖို့ မေ့သွားတယ်။"

သို့သော်လည်း အချဉ်မဟုတ်သည့် Nie မားမားမှာ ခင်ပွန်းဖြစ်သူထံ မြားဦးပြန်လှည့်လိုက်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Où les histoires vivent. Découvrez maintenant