အခန်း (၉၂)

8.1K 943 1
                                    

Unicode

Qin ZiMing and Huo YanXiao တို့ရှိနေသည့်နေရာနှင့် မိုင်ပေါင်းများစွာကွာဝေးသည့်နေရာတွင် ရိုက်ကူးရေးလုပ်နေသည့် "ရွှေအင်းလေး" ရှိုးအစီအစဥ်မှာ နောက်ထက်နှစ်ရက်ကြာလျှင် ပြီးဆုံးတော့မည်ဖြစ်သည်။

ထိုညက Qin ZiMing နှင့် အမှတ်မထင်ဆုံတွေ့ခဲ့သည့် အဖြစ်အပျက်နှင့်ပတ်သက်၍ Nie AnAn အနေဖြင့် အထူးတလည် ဘာမှမခံစားမိပေ။ သို့သော် ရုတ်တရက်ရှာဖွေတွေ့ရှိလိုက်သည့် သူမ ကိုယ်ခန္ဓာ၏ တိုက်ခိုက်မှုစွမ်းရည်ကို Nie AnAn အကြီးအကျယ် သဘောကျအားရသွားသည်။ ယခုအချိန်မှစ၍ သူမ အား မည်သူကမျှ အနိုင်ကျင့်ရဲတော့မည် မဟုတ်ပေ။

"ရွှေအင်းလေး" ရှိုးအစီအစဉ်၏ အပိုင်းသစ်အတွက် ဖိတ်ခေါ်ထားကြသည့် လျှို့ဝှက်ဧည့်သည်တော် သုံးဦးမှာ အပြင်လောကတွင် အထင်ကရနာမည်ကျော် ပုဂ္ဂိုလ်ကြီးများ ဖြစ်သည်။ ထို့ကြောင့် ရိုက်ကူးရေး ထုတ်လွှင့်တင်ဆက်သည့်အချိန်တိုင်းတွင် အပြိုင်အဆိုင်ပေးလာကြသည့် ပရိသတ်များ ၏ကွန့်မန့်များက ဝေဆာနေတော့သည်။

ထို့ပြင် ပတ်ဝန်းကျင်တစ်ခွင်တွင် ရာသီဥတု သာယာလျက်ရှိနေသဖြင့် ဤရှိုးပွဲ၏ ယခုအပိုင်းသစ်မှာ ကြည့်ရှုသူများ၏အာရုံကို အပြည့်အဝဖမ်းစားထားနိုင်တော့သည်။

သို့သော် အချက်အပြုတ်တာဝန်ကျသည့် သူမ နှင့် Ji YunChuan တို့နှစ်ယောက်မှာ စျေးဝယ်ထွက်တိုင်း ကားလမ်းမသို့ရောက်ရန် အချိန်အတော်ကြာအောင် လမ်းလျှောက်ယူရသည်။

ထို့ကြောင့် အချိန်ကုန်လူပန်း သက်သာစေရေးအတွက် ဖြတ်လမ်းမှသွားရန် ရွေးချယ်လိုက်သော်လည်း ထိုလမ်းကြောင်းတွင်ကျောက်ခဲ၊ ချိုင့်ခွက်များအပြည့်ရှိနေပြီး မညီမညာဖြစ်နေသည့် တောလမ်းကလေး တစ်ခုဖြစ်သည်။

ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာပြီး နောက်ဆုံးနေ့မတိုင်မီ တစ်ရက်အလိုသို့ ရောက်လာကြသည်။ ထို့နေက သူမတို့နှစ်ယောက် တည်းခိုခန်းမှထွက်လာချိန်၌ နေလုံးကြီးမှာ တောက်ပစွာလင်းထိန်နေဆဲပင်ဖြစ်ကာ ရာသီဥတုကောင်းမွန်နေသည်။

သို့သော်လည်း စျေးဝယ်ပြီး၍ သူမတို့ ပြန်လာချိန်ရောက်သည့်အခါ မမျှော်လင့်ဘဲ ရာသီဥတုက ချက်ချင်းပြောင်းလဲသွားသည်။ တဆက်တည်းမှာပင် လေပြင်းများကတိုက်ခတ်လာကာ သူမ တို့မျက်နှာကိုပင် အရှိန်အဟုန်ဖြင့် ဖြတ်တိုက်သွားသကဲ့သို့ ခံစားမိသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Où les histoires vivent. Découvrez maintenant