အခန်း (၇၇)

8.9K 1.1K 52
                                    

Unicode

ပွဲလာပရိတ်သတ်များအားလုံး စဉ်းစားခန်းဝင်နေကြချိန်၌ Qin ZiYi ကိုယ်တိုင်လည်း အတွေးနယ်ချဲ့မိတော့သည်။

ထိုအချိန်၌ Qin Hai တစ်ယောက် အသက်သာကြီး၍ မရင့်ကျက်နိုင်သေးသည့် သမီးဖြစ်သူအား လှမ်းကြည့်မိသည့်အခါ ခေါင်းကိုက်လာသလိုပင် ခံစားမိသည်။

"ပြောပါဦး၊ အခု ဘာဖြစ်ချင်ရပြန်ပြီလဲ။"

Qin Ziyi မှာ စိတ်လှုပ်ရှားလွန်း၍ နှလုံးပေါက်ထွက်တော့မည်ဟုပင် ကိုယ့်ကိုယ်ကိုယ် ထင်မိသည်။

"ဖေကြီး၊ Nie မိသားစုနဲ့ ထိမ်းမြားမင်္ဂလာကတိ ပြုထားတာ ရှိတယ်မဟုတ်လား။ အခု အဲ့ဒီအခွင့်အရေးကို အသုံးချပြီး..."

"ဒီအခွင့်အရေး" ဟူသည့် စကားကိုကြားသည့်အခါ သမီးဖြစ်သူ ဘာဆက်ပြောနေသည်ကိုပင် Qin Hai မကြားတော့ပေ။ ထိုစကားလုံးကိုသာ ထပ်ခါထပ်ခါစဉ်းစားနေရင်း ရုတ်တရက် သူပြုံးလိုက်တော့သည်။

Nie ChengFeng ၏ ဦးဆောင်မှုဖြင့် Nie အုပ်စုတို့ တဖြည်းဖြည်း အောင်မြင်လာချိန်၌ Qin အုပ်စု၏ လက်ရှိအခြေအနေမှာ သူ၏အမှားတစ်ခုကြောင့် အရင်နှစ်များနှင့်မတူဘဲ အရှုံးပေါ်တော့မည့်အရေးနှင့် ရင်ဆိုင်နေရသည်။

ထို့ပြင် ထိမ်းမြားမင်္ဂလာကတိ အကြောင်း သူဘက်မှ စကားစ,လိုက်သည့်အချိန်တိုင်းတွင်

"ကလေးတွေက ငယ်ပါသေးတယ်။"

ဟုဆိုကာ Nie အိမ်တော်ဘက်မှ အမြဲတမ်းပယ်ငြင်းလေ့ရှိသည်။

သို့သော် Qin အုပ်စု၏ အခြေအနေက ယခင်တုန်းကနှင့် မတူတော့ဘဲ သူတို့၏ ကျောထောက်နောက်ခံအဖြစ် Huo အုပ်စုရှိလာပြီဖြစ်သည်။

ထို့ပြင် ယနေ့ညတွင် ဂုဏ်အသရေရှိ လူကြီးလူကောင်းများအားလုံး ဤနေရာ၌ စုဝေးရောက်ရှိနေကြသဖြင့် ထိုမင်္ဂလာကိစ္စကို လူအများရှေ့တွင် ကြေညာလိုက်ပါက Nie မိသားစုအနေဖြင့် ငြင်းနိုင်တော့မည် မဟုတ်ပေ။

အကယ်၍ သူတို့ဘက်မှ လက်မခံလိုသဖြင့် လျော်ကြေးပေးမည်ဆိုပါကလည်း Qin Hai အတွက် ပြဿနာမရှိ။

ဥပမာ - သူတို့အုပ်စုနှစ်ခု အတူတကွ လက်တွဲလုပ်နေသည့် စီမံကိန်းများမှ ရှယ်ယာ ၂-၃ % ကို သူ့အားပေးလာပါက Qin Hai ကျေနပ်စွာ လက်ခံလိုက်မည်ဖြစ်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now