အခုလဲ အိပ်မက်ထဲမှာ ကလေးငယ်နဲ့ ပျော်ကစားနေရင်

"သားသားကို လာဖမ်းလေး ဦးဦး သားကိုလာဖမ်းပါဆို”

နှုတ်ခမ်းလေးဆူဆူနဲ့ သူကိုလာဖမ်းပါဆိုပီ ပြောနေတဲ့ ကလေးကို ရိပေါ် တော်တော်ပင်အသည်းယားသည်

ကလေးကိုဖမ်းမိတော့

"ဟာ မိပီ ”

"ခ်ခ် ”

သူ့ဖက်ထားတဲ့ကလေးက သဘောတကျနဲ့ တခ်ခ် ရီနေတော့သည်

ရိပေါ် ကလေးရဲ့ ပါးဖောင်းဖောင်းလေးထဲကို နစ်ဝင်အောင် နမ်းလိုက်ပီ နှုတ်ခမ်းဆူဆူလေးအပေါ်ကိုလဲ ရိပေါ်နှူတ်ခမ်းလေး ဖိကပ်လိုက်သည်

ကလေးက သူနမ်းနေတာကို ငြိမ်နေရှာတယ်

"ကလေး ကလေး နာမည်ဘယ်လိုလဲဟင့် ”

ပါးလေးတဖက်ကို နမ်းနေရင် ရိပေါ်မေးလာပီ ကလေးကလဲ

"သားသား နာမည်က ဟီဟီ မပြောပြဘူး ” ဆိုပီ လျှာလေးထုတ်ပြကာ ရိပေါ်အရှေမှာဘဲ ပြေးထွက်သွားတော့သည်

"ကလေး မပြေးနဲ့လေး ကလေး ဘယ်မှာလဲ ကလေး ”

ရိပေါ်အော်ခေါ်နေတာလဲ မကြားတော့ပါဘူး သူ့ကလေး သေးသေးပုပုလေးကိုလဲ သူမမြင်ရတော့ပါဘူး

"ကလေး…”

အိပ်မက်ထဲမှာ ကလေးကို အသည်းအသန်းခေါ်နေရင်း ရိပေါ်နိုးထားလာတော့သည်

"ကလေး! ” နှုတ်ခွန်ထဲကနေ တိုးတိုးလေး ထွက်လာတာပင်

ရိပေါ်သူ့အိပ်ယာဘေးက ဖုန်းကိုကြည့်လိုက်တော့ ဖုန်းထဲမှာ အပြစ်ကင်းစွား အိပ်ပျော်နေတဲ့ကောင်လေးကိုကြည့်ပီ

"ကလေး …” သူသတိမထားဘဲ သူနှူတ်ထဲကနေ ကျန့်ကျန့်ကို ကလေးလို့ခေါ်မိတာလာ

ညက vcပြောနေရင် အိပ်ပျော်သွားတာကြောင့် ဖုန်းမချဖြစ်ခဲ့
ရိပေါ်ဖုန်းချဖို့ပြင်လိုက်ပေးမယ့် ခဏနေ လက်ကို ပြန်ရုတ်သိမ်းလိုက်သည်

ကိုယ်ဘက်က ဖုန်းအရင်မချခြင်းဘူး အိပ်ပျော်နေတဲ့ ကောင်လေးရဲ့မျက်နှာလေးဟာ အရမ်းကို အပူအပန်ကင်းမဲ့ပီ ချစ်ဖို့ကောင်းနေသည်

💝ဦးရဲ့အချွဲလေး💝🔥(Completed)🌼Where stories live. Discover now