နှစ်လများစွာ သိုင်းပညာကို လေ့လာခဲ့ကတည်းက ရူရီရဲ့ ခန္ဓာကိုယ်က အရမ်းသန်မာလာတယ်။ သူ့အရပ်က ဖုန်းချန်လောက် မမြင့်သော်လည်း သူက ၁.၈၀ မီတာလောက် ရှိတယ်။ သူ့အသားအရည်က အနည်းငယ် ညိုမောင်းနေတယ်။ ထူထဲတဲ့ မျက်ခုံးတစုံရှိပြီး ကျားရဲလိုမျက်လုံး တစုံရှိတယ်။ သူက အသက်ဆယ့်ကိုးနှစ်ကျော်မျှသာ ရှိသော်လည်း ဖုန်းချန်နောက်လိုက်လာတာ ကြာတော့ အသက်ထက်ပိုပြီး ရင့်ကျက်တဲ့ပုံပေါ်တယ်။

ဒီလူက အရမ်းစိတ်ဝင်စားစရာကောင်းတာပဲ! ပိုင်ယီယွဲ့က တွေးလိုက်တယ်။ စောစောက စုမိန်တုန်းက အရမ်းကြောက်စရာကောင်းတာမြင်ခဲ့ရတော့ ရူရီလည်း အဲ့လိုဖြစ်မယ်လို့ ပိုင်ယီယွဲ့က ထင်ခဲ့တယ်။ ရူရီက စုမိန်နဲ့ တခြားစီဖြစ်လိမ့်မယ်လို့ သူမ မထင်မှတ်ထားမိဘူး။

"ဘုန်း..."

ဗုံသံက ထွက်ပေါ်လာတယ်။ ပြိုင်ပွဲစပြီ..

ပိုင်ယီယွဲ့လက်နက်က နှစ်ဘက်သွားဓားဖြစ်ပြီး ရူရီရဲ့ လက်နက်ကတော့ ရွှေချထားတဲ့ တူတစုံ ဖြစ်တယ်။ တူတချောင်းကို ၁၀kg ရှိပြီး တူတစုံကို ၂၀kg ရှိတယ်။ ရူရီလက်ထဲက ရွှေရောင်တူတစုံကို မြင်တော့ ပိုင်ယီယွဲ့က ထပ်ပြုံးလိုက်တယ်။ ဒီလူက နည်းနည်းတော့ ရယ်စရာကောင်းတယ်။ တူတစုံနဲ့ ပေါင်းစပ်မြင်လိုက်ရတော့ သူ့ပုံစံက ကျားတကောင်ရဲ့ အရှိန်အဝါမျိုး ဖြစ်ပေါ်လာပြီး ပိုပြီး နှစ်လိုဖွယ်ကောင်းလာတယ်။

ပိုင်ယီယွဲ့အပြုံးက ရူရီနှလုံးသားကို တက်လိုက်ကျလိုက်ဖြစ်စေတယ်။ သူ့မျက်နှာမှာ နည်းနည်းညစ်ပတ်နေလို့များ မိန်းမချောလေးက သူ့ကို ကြည့်ပြီး ရယ်နေတာလားလို့ သူထင်မိတယ်။ ဒါကြောင့် သူဟာ သူ့အင်္ကျီလက်ကို မြှောက်ပြီး မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်လိုက်တယ်။ ဒီအပြူအမူဟာ နဂိုကတည်းက ရယ်ချင်နေကြတဲ့သူတွေဆီက ရယ်သံတွေ ထွက်ကြလာစေမယ်လို့ ထင်မထားမိဘူး။ ပိုင်ယီယွဲ့တောင် ဒီရူရီဟာ ပြိုင်ဖို့ လာတာမှဟုတ်ရဲ့လားလို့ သံသယဝင်မိတယ်။ ဘာကြောင့် သူက ဒီလိုပုံစံမျိုးဖြစ်နေရတာလဲ?

ဒီလိုနဲ့ ပြိုင်ပွဲဟာ မိန်းမပျိုလေးရဲ့ ရယ်သံရယ် ယောက်ျားတယောက်ရဲ့ အူကြောင်ကြောင်ပုံစံရယ်နဲ့ စတင်လိုက်တယ်။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now