Extra

13.1K 785 39
                                    

Zawgyi

"​မြေး​လေး စိတ်​လှုပ်​ရှား​နေတာလား​ ကြည့်​ပါဦး​ ​ချွေး​တွေ​တောင်​ပြန်​​နေပြီ"

ရှောင်းကျန့်​မျက်​နှာကို တစ်​သျှူး​လေးဖြင့်​အသာအယာ သုတ်​ပေး​နေတဲ့ ဘွားဘွားကိုကြည့်​ပြီး​ ​ရှောင်းကျန့်​မငိုမိ​အောင်​ ထိန်းထားရသည်​။ မားနဲ့​ဝေးကွာ​နေတဲ့ အချိန်​တွေအတွင်းမှာ ဘွားဘွားက​ ​ရှောင်းကျန့်​ကို​ ​မြေးတစ်​ယောက်​လို​ရော သားတစ်​ယောက်​လိုပါ ချစ်​ပေးခဲ့တာ။

"ရိ​ပေါ်​လေး​တော့ သူ့ရဲ့ သတို့သား​လေးကို မြင်​ရင်​အသက်​ရှူရပ်​သွား​တော့မှာပဲ"

မင်္ဂလာမ​ဆောင်​ခင်​ တစ်​ပတ်​အလိုထဲက ဘွားဘွားက​ရှောင်းကျန့်​နဲ့ ရိ​ပေါ်ကို အ​တွေ့မခံတာမို့ သူကိုယ်​တိုင်​လည်း ရိ​ပေါ်ကို သိပ်​တွေ့ချင်​နေပြီ။

ရှောင်းကျန့်​အ​တွေးပင်​မဆုံး​သေး။ အခန်းတံခါးက အနည်းငယ်​ပွင့်​လာပြီး ရိ​ပေါ်က​ခေါင်းပြူကာ​ ​ချောင်းကြည့်​နေတာ​ကြောင့်​ ရိ​ပေါ်ကို မြင်​သွားတဲ့ ဘွားဘွားက

"ဒီက​လေးနဲ့​တော့ ခဏ​နေရင်​တွေ့ရ​တော့မှာကို​ ​ချောင်းကြည့်​နေပြန်​ပြီ နင့်​ရဲ့ ကျန့်​ကျန့်​လေးကို ငါအပိုင်​သိမ်းထား လိုက်​ရမလား​ပြော"

ဘွားဘွား​ပြောလိုက်​တော့မှ မျက်​နှာဆူပုတ်​ပုတ်​နဲ့ ထွက်​သွားတဲ့ ရိ​ပေါ်က တစ်​ကယ်​ကို ချစ်​စရာကြီး။ ​တွေ့​တော့မှ​ ​ဖောင်း​နေတဲ့ ပါးကြီးနှစ်​ဖက်​ကို အားရပါးရ လိမ်​ဆွဲပစ်​လိုက်​မည်​ဟု ကြံစည်​ထားသည်​။

~~~~~~~

ရှောင်​ပါးပါးရဲ့ လက်​ကိုကိုင်​ကာ ရိ​ပေါ်ဆီ တစ်​လှမ်းချင်း​လျှောက်​လှမ်းလာတဲ့ အဖြူ​ရောင်​သတို့သား​လေးကို ရိ​ပေါ် မျက်​တောင်​မခတ်​တမ်း​ ​ငေး​နေမိသည်​။ ​ရှောင်းကျန့်​ခြေတစ်​လှမ်း လှမ်းလိုက်​တိုင်း ရိ​ပေါ်နှလုံးသားက အပြင်​ကို ခုန်​ထွက်​လုမတတ်​ ခံစား​နေရသည်​။

အနား​ရောက်​တော့​ ​ရှောင်းကျန့်​ရဲ့ လက်​က​လေးကို ရိ​ပေါ်ဆီ ကမ်း​ပေးလိုက်​တဲ့​ ​ရှောင်​ပါးပါးက အသံခပ်​ကြိတ်​ကြိတ်​ဖြင့်​'ငါမင်းကို​စောင့်​ကြည့်​နေမှာ​နော်​' ဆိုပြီး​ပြောသွား​သေးသည်​။

Fated To Love You[Completed]Donde viven las historias. Descúbrelo ahora