Part-22

7.9K 621 46
                                    

Zawgyi

အခန်းထဲကို​ရောက်​တာနဲ့​ ​ရှောင်းကျန့်​ရဲ့ ခန္ဓာကိုယ်​လေးက နံရံမှာ အရှိန်​နဲ့ အကပ်​ခံလိုက်​ရတာ​ကြောင့်​ ​ကျောပြင်​တစ်​လျှောက်​အောင့်​ခနဲ။ ထို့​နောက်​ ဝမ်​ရိ​ပေါ်က​ ​ရှောင်ကျန့်​ပါးနှစ်​ဖက်​ကို အုပ်​ကိုင်​လို့ နူးညံ့ခြင်း အလျင်းမရှိတဲ့ ခပ်​ကြမ်းကြမ်း အနမ်းတို့ကို ပုံ​ဖော်​သည်​။ လွ​တ်​နေတဲ့ လက်​နှစ်​ဖက်​နဲ့ တွန်းကန်​နေ​ပေမယ့်​ ​နေ​ကောင်းခါစ ဝမ်​ရိ​ပေါ်က အားသန်​လွန်းလှသည်​။ ရုန်းမရတဲ့အဆုံး​ ​ရှောင်းကျန့်​နှုတ်​ခမ်းကို အပိုင်​သိမ်းထားတဲ့ ဝမ်​ရိ​ပေါ်ရဲ့ နှုတ်​ခမ်းထူထူကို ကိုက်​ချလိုက်​မှ​ ​ရှောင်းကျန့်​အသက်​ဝဝရှူခွင့်​ရ​တော့သည်​။

ဝမ်​ရိ​ပေါ်က သူ့နှုတ်​ခမ်းက​သွေးစအချို့ကို လက်​မဖြင့်​ဖိသုတ်​ကာ ခပ်​ရွဲ့ရွဲ့အပြုံးဖြင့်​ ​ရှောင်းကျန့်​ရင်​ကို ဓားနဲ့မွှန်း​စေတဲ့ စကား​တွေကိုဆိုသည်​။

"ဘာလို့လဲ မင်းက ဒီလိုလုပ်​တာကို ကြိုက်​တယ်​မဟုတ်​ဘူးလား"

မိနစ်​အနည်းငယ်​လောက်​ ​အောက်​ဆီဂျင်​ပြတ်​တောက်​ထားတာမို့ ချက်​ချင်းစကားမဆိုနိုင်​ပဲ​ ​လေကိုသာ ခပ်​ပြင်းပြင်း ရှူသွင်း​နေရသည်​။

"ဒါမှမဟုတ်​...ဟို​ကောင်​မဟုတ်​ပဲ ငါဖြစ်​နေလို့လား"

ရှောင်းကျန့်​မျက်​နှာနားထိ ကပ်​လာပြီး​ ​လှောင်​ရိပ်​သန်းတဲ့ အကြည့်​တွေနဲ့​ပြောလာတဲ့ ဝမ်​ရိ​ပေါ်က ဒီ​နေ့ ​ရှောင်းကျန့်​သိက္ခာကို အဆုံးထိဆွဲချဖို့ ဆုံးဖြတ်​ထားပုံပင်​။

"ခင်​ဗျား...ကျွန်​တော့်​ကို မစွပ်​စွဲနဲ့ "

"ငါ့မျက်​လုံးနဲ့ တပ်​အပ်​မြင်​တာ​တောင်​ စွပ်​စွဲတယ်​လို့​ပြောချင်​သေးတာလား ငါနွားမဟုတ်​ဘူး​ရှောင်းကျန့်​.."

ဝမ်​ရိ​ပေါ်ရဲ့ ​အော်​သံ​ကြောင့်​ ​ရှောင်းကျန့်​ကိုယ်​လေး တုန်​တက်​သွားရသည်​။ ခုနက လန့်​ထားတဲ့ အရှိန်​မှ မပြယ်​သေးပဲ။

ဝမ်​ရိ​ပေါ်က​ ​ရှောင်းကျန့်​ကို မယုံကြည်​ပေးတဲ့အပြင်​လူမှု​ရေး​ဖောက်​ပြန်​တတ်​တဲ့သူလို့ပါ ထင်​နေတာပဲ။ ခင်​ဗျား အမြင်​မှာ ကျွန်​တော်​က အဲ့​လောက်​တောင်​သိက္ခာမဲ့​နေခဲ့တာလား ဝမ်​ရိ​ပေါ်~~~

Fated To Love You[Completed]Όπου ζουν οι ιστορίες. Ανακάλυψε τώρα