Part-7

9.3K 910 21
                                    

Zawgyi
"မ​တွေ့ရတာကြာပြီ​နော်​ ​ရှောင်းကျန့်​"

ဘုရား​ရေ ဟိုလူက​ရှောင်းကျန့်​နာမည်​ကိုသိ​နေတာလား။ ဒီကို​ရော ဘယ်​လိုဖြစ်​ပြီး​ ​ရောက်​လာတာလဲ​။ ​ရှောင်းကျန့်​ကိုပြဿနာရှာဖို့များ ဒီအထိလိုက်​လာတာလား။

ရှောင်းကျန့်​ခေါင်းထဲမှာ​ ​မေးခွန်းဝါကျ​တွေ တန်းစီ​နေ​ပေမယ့်​ လက်​တွေ့တွင်​တော့ ထိုင်​ရာကမထပဲ​ ​ကြောင်​အ​နေမိသည်​။

"ကိုယ်​တို့ စကားခဏ​လောက်​ပြောကြမလား"

တစ်​ဖက်​လူမှ ထပ်​ပြောလာတဲ့ စကားသံနဲ့အတူ​ ​ရှောင်းကျန့်​ပခုံး​ပေါ်​ရောက်​လာတဲ့ လက်​တစ်​ဖက်​ကြောင့်​ အလိုလိုမတ်​တပ်​ရပ်​မိသွားရသည်​။

"ချုံချင်းကို​လာတာ အလုပ်​ကိစ္စရှိလို့လား"
"ဒီရက်​တွေအတွင်း​ ​နေရတာအဆင်​ပြေရဲ့လား"

စကား​ပြောမယ်​ဆိုပြီး ပန်းခြံဘက်​ထွက်​လာရင်း နှစ်​ယောက်​လုံးအတန်​ကြာ တိတ်​ဆိတ်​နေပြီးမှ ပြိုင်​တူထွက်​လာတဲ့စကား​ကြောင့်​ တစ်​ဖက်​လူက ခပ်​ရေး​ရေးပြုံးကာ

"မင်းအရင်​ပြောပါ"

"ဟို.....ချုံချင်းကို​လာတာ အလုပ်​ကိစ္စရှိလို့လား"

"အလုပ်​ကိစ္စ​တော့မဟုတ်​ဘူး​ ​ဂေဟာကက​လေး​တွေနဲ့​ ​တွေ့ရ​အောင်​လာတာ"

"​ဂေဟာမှာ ဒီ​နေ့အလှူလာလုပ်​မယ့်​ ​ပေကျင်းကလူ​တွေဆိုတာ ခင်​ဗျား​ပေါ့"

"ဝမ်​ရိ​ပေါ်"

"ဗျာ....."

"ကိုယ့်​နာမည်​ဝမ်​ရိ​ပေါ်လို့ ခင်​ဗျားမဟုတ်​ဘူး"

ပြုံးစစ မျက်​နှာ​ပေးနဲ့​ပြောလာတဲ့ ဝမ်​ရိ​ပေါ်ဆိုတဲ့လူသားရဲ့စကား​ကြောင့်​ ​ရှောင်းကျန့်​အင်္ကျီ​အောက်​နားစ​ကို တင်းခနဲဆုပ်​ကိုင်​လိုက်​မိသည်​။
ခင်​ဗျားရဲ့ အပြုံး​တွေက အန္တရယ်​များလိုက်​တာ

"မင်း​ရော ဒီရက်​တွေအတွင်း​ ​နေရတာအဆင်​ပြေရဲ့လား"

"ရိ​ပေါ် နင်​ကဒီ​ရောက်​နေတာပဲ စကား​ပြော​နေရင်း​ပျောက်​သွားလို့လိုက်​ရှာ​နေတာ"

Fated To Love You[Completed]Where stories live. Discover now