Part-4

9.8K 752 6
                                    

Zawgyi
"အား.....ကျွတ်​စ်​......ကျွတ်​စ်​ ​ခေါင်းကိုက်​လိုက်​တာ"

ရှောင်းကျန့်​အိပ်​ယာ​ပေါ်မှ မျက်လုံးမဖွင့်​သေးပဲ ထထိုင်​လိုက်​ပြီး ထိုးကိုက်​နေတဲ့​ခေါင်းကို​ ညာဘက်​လက်​ဖြင့်​ဖိကာ ခဏထိုင်​နေလိုက်​သည်​။ အနည်းငယ်​ချမ်းသလိုဖြစ်​လာတာ​ကြောင့်​ ကိုယ့်​ကိုယ်​ကို ပြန်​ငုံ့ကြည့်​လိုက်​တော့ အင်္ကျီကရှိမ​နေ။ ခါး​အောက်​မှ​ ​စောင်​ကိုအသာလှပ်​ကြည့်​ပြန်​တော့​ ​ရှောင်းကျန့်​တစ်​ကိုယ်​လုံးတွင်​ ဘာအဝတ်​အစားမှ ရှိမ​နေတာဖြစ်​ကြောင်း သိရသည်​။

ထို့​နောက်​ အိပ်​ယာ​တစ်​ဖက်​က အသက်​ရှူသံ မျှဉ်းမျှဉ်း ကြားတာ​ကြောင့်​ မသင်္ကာစွာ လှမ်းကြည့်​မိ​တော့​ သူ့နည်းတူ မိ​မွေးတိုင်းခန္ဓာကိုယ်​ဖြင့်​ အိပ်​နေတဲ့ လူတစ်​ယောက်​။ မဟုတ်​ဘူး​ ​ယောကျာင်္းတစ်​ယောက်​ဆို ပိုမှန်​လိမ့်​မယ်​။

ရှောင်းကျန့်​လည်း ထင်​မှတ်​မထားတဲ့ မြင်​ကွင်း​ကြောင့်​ အိပ်​မက်​လား၊ တကယ့်​လက်​တွေ့လား သိသာ​စေရန်​ သူ့ကို​ကျော​ပေးအိပ်​နေတဲ့ လူကို ကုတင်​ပေါ်က ကန်​ချလိုက်​တော့ ခါးရိုးတစ်​လျှောက်​က​ ​အောင့်​ခနဲ။

"အား......ငါအိပ်​နေတာကို ဘယ်​သူကန်​ချတာလဲ"

ရိ​ပေါ်အိပ်​နေတုန်း ကုတင်​အောက်​ကို အရှိန်​ဖြင့်​ ပြုတ်​ကျသွားတာ​ကြောင့်​ ​အော်​လိုက်​တော့ သူ့ကိုကုတင်​ပေါ်က​နေ​ ​ကြောင်​တောင်​တောင်​ ပြန်​ကြည့်​နေတဲ့​ ​ကောင်​လေးတစ်​ယောက်​။ ​နေပါဦး ငါသူ့ကိုမြင်​ဖူးသလိုပဲ။

"မင်း......မင်း......စာက​လေး ဘယ်​လိုလုပ်​ပြီး မင်းက ငါ့ကုတင်​ပေါ်​ ​ရောက်​နေတာလဲ"

အိပ်​ယာ​ပေါ်ကို လှမ်းကြည့်​လိုက်​တော့ အနီရဲရဲ​အကွက်​တစ်​ချို့နဲ့အတူ တစ်​ခြားအကွက်​တွေပါ မြင်​လိုက်​ရတာ​ကြောင့်​ ရိ​ပေါ်​ခေါင်းထဲ ဒိန်းခနဲဖြစ်​သွားရသည်​။

"မဟုတ်​မှ မင်းနဲ့ငါညက....."

"မဟုတ်​ဘူး မဖြစ်​နိုင်​တာ ခင်​ဗျားနဲ့ကျွန်​တော်​နှစ်​ယောက်​လုံး​ ​ယောကျာင်္း​လေး​တွေပဲ​လေ ဘယ်​လိုလုပ်​.....ဘယ်​လိုလုပ်​ပြီး ဖြစ်​နိုင်​မှာလဲ"

Fated To Love You[Completed]Where stories live. Discover now