Part-24

8.7K 578 25
                                    

Zawgyi

အိပ်​ယာနိုးနိုးချင်း မြင်​လိုက်​ရတဲ့ မြင်​ကွင်း​ကြောင့်​ အကျယ်​ကြီး ထမ​အော်​မိ​အောင်​ ပါးစပ်​ကို လက်​ဖြင့်​အလျင်​အမြန်​ အုပ်​ထားလိုက်​ရသည်​။

ဘုရား​ရေ.....​သူက ဘယ်​လိုဖြစ်​ပြီး ဝမ်​ရိ​ပေါ်ရင်​ခွင်​ထဲ​ရောက်​နေတာလဲ။ ညက​ ​သေချာ​ပေါက်​ က​လေးကို အလယ်​မှာ ထားပြီး အိပ်​ခဲ့တာပါ။ ​ရှောင်းကျန့်​က အအိပ်​ဆော့တယ်​ ဆို​ပေမယ့်​ က​လေးတစ်​ယောက်​လုံးကို​တော့ ကုတင်​ပေါ်က ကန်​မချ​လောက်​ဘူး​လေ ဟုတ်​တယ်​မလား။

ဒီအ​နေအထားကို ဝမ်​ရိ​ပေါ်မြင်​လို့ မဖြစ်​ဘူး။ အခုချိန်​ဝမ်​ရိ​ပေါ်သာ နိုးလာရင်​ ​ရှောင်းကျန့်​ရှက်​လို့​ ​သေလိမ့်​မယ်​။ သန်​မာလှတဲ့ လက်​တွေကို အသာဖယ်​ပြီး ရင်​ခွင်​ထဲက ထွက်​ရန်​ပြင်​နေစဉ်​ ဝမ်​ရိ​ပေါ်က လှုပ်​ရှားလာတာ​ကြောင့်​ မျက်​လုံးကိုမှိတ်​လို့ အိပ်​ချင်​ယောင်​ဆောင်​နေလိုက်​သည်​။

ရိ​ပေါ်အိပ်​နေရင်း ခန္ဓာကိုယ်​ကို တစ်​ယောက်​ယောက်​လာကိုင်​နေတယ်​လို့ ခံစားရတာ​ကြောင့်​ မျက်​လုံးကို ဖွင့်​ကြည့်​လိုက်​တော့ သူ့ညာဖက်​လက်​မောင်းကို​ခေါင်းခုလို့ ရင်​ခွင်​ထဲမှာ နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​ပျော်​နေတဲ့​ရှောင်းကျန့်​။ ​ရှောင်းကျန့်​ရဲ့ အခုလိုပုံစံ​လေးကို မမြင်​ရတာ ကြာပြီ ဖြစ်​တာမို့ မျက်​နှာနုနုထက်​က အစိတ်​အပိုင်းအားလုံးကို​ မြတ်​နိုးမဝစွာဖြင့်​စေ့​စေ့စပ်​စပ်​ကြည့်​နေမိသည်။

တချို့သူ​တွေရဲ့ မျက်​နှာက ဖျတ်​ခနဲ အမှတ်​တမဲ့ကြည့်​ရင်​ ပိုကြည့်​ကောင်းပြီး တချို့သူ​တွေက​တော့ အနီးကပ်​ ​သေ​သေချာချာကြည့်​မှ ပိုကြည့်​ကောင်းလို့ ကြားဖူးတယ်​။ ဒါ​ပေမယ့်​ ​ရှောင်းကျန့်​ကျ​တော့ ဖျတ်​ခနဲ အမှတ်​တမဲ့ ကြည့်​ရင်​လှသလို အနီးကပ်​သေ​သေချာချာ ကြည့်​ပြန်​တော့လည်း လှ​နေပြန်​ရော။ ​ယောကျာင်္း​လေးတစ်​ယောက်​ကို လှတယ်​လို့ မသုံးသင့်​ပေမယ့်​ ​ရှောင်းကျန့်​က​ တကယ်​ကိုလှတာ။ အချိန်​တိုင်း တစိမ့်​စိမ့်​ ထိုင်​ကြည့်​နေချင်​စရာ​ ​ကောင်းပြီး ဘယ်​တော့မှ ရိုးမသွားနိုင်​မယ့်​အလှမျိုး။

Fated To Love You[Completed]Onde as histórias ganham vida. Descobre agora