Part-10

9.9K 877 41
                                    

Zawgyi
ချစ်​ရသူနဲ့အတူ နိုးထရတဲ့ မနက်​ခင်း​တွေက ကြည်​နူးစရာ​ကောင်းတယ်​လို့ ဆိုကြ​ပေမယ့်​ ​ရှောင်းကျန့်​နဲ့အ​တူနိုးထရတဲ့ မနက်​ခင်းက​တော့ ရိ​ပေါ်အတွက်​ ကြည်​နူးစရာ​ကောင်းမ​နေခဲ့ပါဘူး။

ရိ​ပေါ်အိပ်​နေရင်း အသက်​ရှူမဝသလို ခံစားရတာ​ကြောင့်​ မျက်​လုံးဖွင့်​ကြည့်​တော့ ရိ​ပေါ်ရဲ့လည်​ပင်း​ပေါ်မှာ ကန့်​လန့်​ဖြတ်​တင်​ထားတဲ့​ ​ရှောင်းကျန့်​ရဲ့ ညာဖက်​လက်​ကြောင့်​ လက်​ကိုဖယ်​ရန်​ကြံရွယ်​နေတုန်းမှာပင်​ ရိ​ပေါ်ရဲ့ ဗိုက်​ပေါ်ကို အရှိန်​အဟုန်​ဖြင့်​ ဆင်းသက်​လာတဲ့​ ​ရှောင်းကျန့်​ရဲ့ ​ခြေ​ထောက်​တစ်​ချောင်း။ လည်​ပင်း​ပေါ်က လက်​က​လေးကို အသာဖယ်​လို့ အသက်​ဝဝရှူ​နေစဉ်​ မျက်​နှာ​ပေါ်ကို​ ​ရောက်​လာပြန်​တဲ့​ ​ရှောင်းကျန့်​ရဲ့လက်​ဝါး​ကြောင့်​ ရိ​ပေါ်​မနက်​စော​စောတွင်​ အခွင့်​ထူးကာဖြင့်​ ကြယ်​တွေလ​တွေပါ မြင်​ခွင့်​ရသွားသည်​။

ရှောင်းကျန့်​နိုးတဲ့အချိန်​ ​ဘေးကိုကြည့်​တော့ ဝမ်​ရိ​ပေါ်က ရှိမ​နေ​တော့။ ညကလည်း ခရီးပန်း​နေတာနဲ့​ ​ရေချိုးပြီးတန်းအိပ်​လိုက်​တာ​ကြောင့်​ ဗိုက်​ကဆန္ဒပြ​နေ​လေပြီ။ ​ရေအမြန်​ချိုးပြီးတာနဲ့ အဝတ်​အစားလဲကာ​ ​အောက်​ထပ်​က ထမင်းစားခန်းထဲဝင်​ဝင်​ချင်း မြင်​လိုက်​ရတဲ့မြင်​ကွင်း​ကြောင့်​ ​ရှောင်းကျန့်​မှာ လိပ်​ပြာလွှင့်​မတတ်​။

မျက်​ကွင်းနှစ်​ဖက်​က ပန်​ဒါ​အလား ညိုမဲ​နေပြီး ဆံပင်​တွေက ငှက်​သိုက်​အလားရှုပ်​ပွကာ ဘယ်​ဘက်​ပါးတစ်​ခြမ်းတွင်​ လက်​ငါး​ချောင်းရာအထင်းသားဖြင့်​ ထမင်းစားပွဲမှာထိုင်​နေတဲ့ ဝမ်​ရိ​ပေါ်ပုံစံက​ ​ရှောင်းကျန့်​အမြင်​မှာ စိတ်​ကျန်းမာ​ရေး​ဆေးရုံက​ ​ဝေဒနာသည်​တစ်​ဦးအလား။

"ဝမ်​ရိ​ပေါ်​ ​နေမ​ကောင်းဘူးလားဟင်​"

"........"

"ညအိပ်​ဝတ်​စုံကြီးနဲ့ဆို​တော့ အလုပ်​ရောမသွားဘူးလား မျက်​နှာက​ရောဘယ်​လိုဖြစ်​တာလဲ​ ​ချော်​လဲတာလား"

"ဘာ.....ဒီ​အရွယ်​ကြီးနဲ့​ချော်​လဲစရာလားကွ မင်း​ကြောင့်​ဖြစ်​တာ မင်း​ကြောင့်​"

Fated To Love You[Completed]Where stories live. Discover now