Part-11

8.7K 803 28
                                    

Zawgyi
"​မြေး​လေးတို့ နိုးပြီလား လာထိုင်​ကြ"

"​အခန်းထဲကထွက်​လာထဲက အနံ့​ရပြီး စားချင်​နေတာ ဘွားဘွားလက်​ရာက အရမ်း​ကောင်းတာပဲ"

"ကျန့်​ကျန့်​လေး ကြိုက်​ရင်​များများစား"

"ရိ​ပေါ်​မြေး​လေး​ရော မစားဘူးလား"

"အနံ့ကြီးကတစ်​မျိုးကြီးပဲ ကျွန်​တော်​မခံနိုင်​ဘူး"

"အရင်​ကဘွားဘွားချက်​ကျွေးတဲ့ အမဲသား​ခေါက်​ဆွဲကို ကြိုက်​လှပါချည်​ရဲ့ဆို"

"အရင်​ကကြိုက်​ပေမယ့်​ အခု​ ​ဝေါ့...."

ပြော​နေရင်း သန့်​စင်​ခန်းထဲ​ပြေးဝင်​သွားတဲ့ ဝမ်​ရိ​ပေါ်​ကြောင့်​ ​ရှောင်းကျန့်​နဲ့ဝမ်​ဘွားဘွား မတိုင်​မင်​ထားပါပဲ တစ်​ယောက်​နှင့်​တစ်​ယောက်​ ကြည့်​လိုက်​သည်​။ အတန်​ကြာ​တော့​ သန့်​စင်​ခန်းထဲက ထွက်​လာတဲ့ ဝမ်​ရိ​ပေါ်က မျက်​ခမ်းစပ်​တွေနီ​နေပြီး အ​တော်​လေးအန်​ထားပုံရသည်​။

"​မြေး​လေး​ ​နေမ​ကောင်းဘူးလား အခု​ရော ဘယ်​လို​နေ​သေးလဲ"

"​နေ​ကောင်းပါတယ်​ဘွားဘွား ဒါနဲ့ အဲ့ဒီ​ခေါက်​ဆွဲပန်းကန်​တွေကို​ ​ဝေး​ဝေးမှာထား​ပေး​ပါလား...​ဝေါ့..."

တစ်​ဖန်​ပြောပြီး သန့်​စင်​ခန်းထဲ​ပြေးဝင်​သွားပြန်​တဲ့ ဝမ်​ရိ​ပေါ်က​ ​တော်​တော်​နဲ့ ပြန်​ထွက်​မလာတာ​ကြောင့်

"ဝမ်​ရိ​ပေါ် ခင်​ဗျားအဆင်​ပြေရဲ့လား"

"........"

"ဝမ်​ရိ..."

"ကိုယ်​ဘာမှမဖြစ်​ဘူး အဆင်​ပြေတယ်​ အမဲသားအနံ့ရရင်​ အန်​ချင်​လို့"

"ဒါနဲ့ မင်း​ရော အဆင်​ပြေရဲ့လား အရင်​ကအသားငါးအနံ့​တွေ မခံနိုင်​ဘူးမလား"

ဝမ်​ရိ​ပေါ်​ပြောမှ​ ​ရှောင်းကျန့်​စဉ်းစားမိသည်​။ ကိုယ်​ဝန်​ရှိခါစက အသားငါးအနံ့​တွေရရင်​ မခံနိုင်​အောင်​ပျို့တက်ပြီး အန်​ချင်​ပေမယ့်​ ကိုယ်​ဝန်​က ၄လ​ကျော်​လာတဲ့အခါတွင်​တော့ အရင်​လိုမျိုး အသားငါးအနံ့​တွေရရင်​ အန်​ချင်​လာတာမျိုး မဖြစ်​တော့​ပေ။

Fated To Love You[Completed]Where stories live. Discover now