မွှေးညှင်းနု​လေး​တွေနဲ့ မကျဉ်းမကျယ်​ နဖူးပြင်​လေး​ပေါ်မှာ​ ​ရှေ့ဆံပင်​လေး​တွေ ကပိုကရို ကျ​နေပုံက စလို့​ ​ခြေသည်းကြည်​ကြည်​လေး​တွေနဲ့ အုဖက်ေ​နတဲ့​ခြေ​ချောင်း​လေး​တွေ အဆုံး မျက်​စိမလွှဲပဲ တစ်​နေကုန်​ထိုင်​ကြည့်​နေချင်​စရာ။ ဒီလို အစစအရာရာ ပြီးပြည့်​စုံ​နေတဲ့ သူမျိုးက​ ရိ​ပေါ်အပိုင်​ဆိုတာကို​ ​တွေးမိ​တော့ ကိုယ့်​ကိုယ်​ကို​တောင်​ မာန်​တက်​ချင်​သလိုလို။

ကြည့်​နေရင်း စိတ်​မထိန်းနိုင်​ပဲ နုနုအိအိ ပါးပြင်​လေး​ပေါ် အနမ်း​ပေးရန်​ ကြံစည်​နေတုန်း ကြားလိုက်​ရတဲ့အသံနှင့်​အတူ ရင်​ခွင်​ထဲက​ရှောင်းကျန့်​က လန့်​နိုးလာပြီး ရိ​ပေါ်ရင်​ဘက်​ကို တွန်းကာ ကုတင်​ပေါ်မှ ဆင်း​ပြေးသွားသည်​။

"ဦး​လေးကြီး သားရဲ့​ကော​ကောကို ဘာလုပ်​မလို့လဲ"

ရှောင်းကျန့်​အိပ်​ချင်​ယောင်​ဆောင်​နေရင်း ဝမ်​ရိ​ပေါ်ရဲ့ ဝင်​လေထွက်​လေက​ ​ရှောင်းကျန့်​ပါး​ပေါ်​ ရိုက်​ခတ်​နေတာ​ကြောင့်​ ဝမ်​ရိ​ပေါ်အနမ်းသခိုး လုပ်​ဖို့ကြံ​နေ​ကြောင်း သိလိုက်​သည်​။ ဒီအချိန်​ မျက်​လုံးဖွင့်​လိုက်​ရင်​ ပိုအရှက်​ရ မည်​စိုးတာ​ကြောင့်​ ရင်​တုန်​တုန်​ဖြင့်​ဆက်​ပြီး အိပ်​ချင်​ယောင်​ဆောင်​နေတုန်း လုံလုံ​လေးရဲ့ အသံကို ကြားလိုက်​ရတာ​ကြောင့်​ အလန့်​တကြားဖြင့်​ ဝမ်​ရိ​ပေါ်ကို တွန်းထုတ်​ကာ လုံလုံ​လေးကို​ခေါ်ပြီး​ အခန်းပြင် ​ပြေးထွက်​လာမိသည်​။ ရှက်​လိုက်​တာ....ရှက်​လိုက်​တာဆိုတာ...

ရှောင်းကျန့်​တို့ မနက်​စာ စား​နေတုန်း ဝမ်​ရိ​ပေါ်က မှုန်​ကုပ်​ကုပ်​ဖြင့်​ အ​ပေါ်ကဆင်းလာပြီး​ ​ရှောင်းကျန့်​နဲ့ မျက်​နှာချင်းဆိုင်​ခုံမှာ ဝင်​ထိုင်​လိုက်​တာ​ကြောင့်​ ​ခေါင်းကို အတင်းငုံ့ထားမိသည်​။

"ကျန့်​ကျန့်​လေး​ ​နေလို့မ​ကောင်းဘူးလား မနက်​စာလည်း သိပ်​မစားဘူး"

ဘွားဘွားစကားကြား​တော့ ဝမ်​ရိ​ပေါ်က မနက်​စာ စား​နေရင်းက​နေ​ ​ရှောင်းကျန့်​ကို စိုးရိမ်​တဲ့ အကြည့်​တွေနဲ့ ကြည့်​လာသည်​။

Fated To Love You[Completed]Where stories live. Discover now