Shou ခေါင်းလေး အသာခါရမ်းမိသည်။
________

ဆေးရုံဆင်းမည့်နေ့တွင် Kou က ရောက်လာပြီး လိုအပ်တာအကုန် လိုက်ပြင်ဆင်ပေးသည်။ Shou ၏ ဖခင်က Shou ကို  Kou လို လူတစ်ယောက်က လာ၍ ဂရုစိုက်ပေးနေသည့်အတွက် တအံ့တဩ ဖြစ်နေသည်။ ယခင်က Shou အနားမှာ ကပ်၍ဖားနေသော ဆိုးပေသော အပေါင်းအသင်းများသာ ရှိသည်။ ဝှီးချဲပေါ် အထိုင်အထ အားလုံးကို Kou ကသာ ပွေ့ချီ၍ နေရာ ချပေးသည်။ Shou ကလည်း Kou အပေါ်မှာ တချက်လေးတောင် အားနာဟန် မရှိပေ။

"High Boss ကြီး .. လာဗျ မိတ်ဆက်ပေးမလို့"
ဝှီးချဲတွန်းနေတဲ့ Kou ရဲ့ လက်ကိုဆွဲ၍ ရှေ့ကို ခေါ်လိုက်ပြီး .. သူတို့ကို အံဩစွာ ရပ်ကြည့်နေသော သူ့အဖေနဲ့ မိတ်ဆက်ပေးလိုက်သည်။

"High Boss ကြီး ဒါ ကျနော့ ဖေဖေ ။ Second Life ရဲ့ CEO ၊ Neiko Shou တဲ့။ (နဲအိကို ရှိုး)
ဖေဖေ ဒါ ကျနော့ ချစ်သူ Kazekaya Kou"

"Nani‼️" 

"ချစ် .. ချစ်... ချစ်သူလို့ ပြောလိုက်တာလား"

"တွေ့ရတာဝမ်းသာပါတယ် ခင်ဗျ။ ကျနော် Kazekaya Kou ပါ။ Shou ကို အတတ်နိုင်ဆုံး စောင့်ရှောက်ပါ့မယ်ခင်ဗျာ"

Neiko Shou က လက်ညှိုးကြီးထိုးလျှက် ကြောင်၍ ဘာဆက်ပြောရမှန်းမသိ ဖြစ်နေသည်။
"ဖေဖေ .  သား Kou နဲ့ ခဏလိုက်သွားဦးမယ်။ ပြီးမှ ပြန်လာခဲ့မယ်နော်"
"အဲ .  အဲ .. အဲ .. "

တားချိန်တောင် မရ။ ဘီးလေးလှိမ့်ကာ လှိမ့်ကာနှင့် တဖက်ကားဆီကို သွားနေသော သားကို ထရိုက်ရခက်။ တားရခက် ဖြစ်နေသည်။ နှစ်နှစ်ကြာပြီး ခုမှ နိုးလာသော သားလေးကိုလည်း မပြောရက်။ တဖက်ကလည်း ယောကျာ်းလေးဖြစ်နေတာက လွဲလို့ ငြင်းစရာတကွက်မှ မရှိပေမယ့်လို့ သူ့မှာအောင့်သက်သက်နှင့် လက်ခံရခက်နေသည်။

ကြက်သေသေနေသော အဖေကို ပြုံးပြပြီး ပျော်ရွှင်စွာပင် Kou နောက် ပါသွားသော သားကိုလည်း အံ့ဩရသည်။ ဒါ ငါ့သားမှ ဟုတ်ရဲ့လား။ ပြန်စဉ်းစားကြည့်တော့ Shou က ဆိုးတယ်လို့မခေါ်နိုင်ပေမယ့် ပြသနာတော့ အတော်ရှာတဲ့ ကလေးဖြစ်သည်။ မိတဆိုးလေးမို့ အလိုလိုက်တာ များသွားလို့များလား။ စိတ်ပျက်လက်ပျက်နှင့် အလုပ်ကိုသာ ပြန်ရတော့သည်။ ကောင်စုတ်လေး ဘယ်ချိန် အိမ်ပြန်လာမယ်တောင် ပြောမသွားဘူး။ ငါက ဥက္ကဌ Kou အိမ်ကို လိုက်ခေါ်ရမှာလား။ ဒုက္ခပါပဲကွာ။

The Stranger I love (System)Hikayelerin yaşadığı yer. Şimdi keşfedin