Shou ၏ လက်နက်များတွင်မူ Shinki မြှား နှင့် Reiki ဓားကို ကို lvl70မှ 90ထိ ထပ်မြှင့်ရပြီး Sekki နှင့် Tsuki မှာ မြှင့်စရာမလိုပဲ upgrade ရတာနဲ့ lvl90 ချက်ချင်းတက်သွားသည်။
________

တိုက်ခိုက်ဖို့ ချိန်းထား​သော အချိန်နီးပြီ ဖြစ်၍ လူအင်အားအများဆုံးပါသော Light ရှေ့တွင် အားပေးသူ နှုတ်ဆက်သူများနှင့် စည်ကားနေသည်။ ဟန်ဆောင်ကာ ပြုံးပြနေကြပေမယ့် အားလုံးစိတ်ထဲမှု စိုးရိမ်မှု ကိုယ်စီရှိသည်။

Shiro Kuro နှင့် Aki ကတော့ ပျော်ပျော်နေတတ်သူမို့ စနောက်လျှက်သာ ပြေးလွှားဆေ့ာကစားနေသည်။

Sono နှင့် တိုးရူက လက်ချင်းချိတ်၍ ရောက်လာသည်မို့ အားလုံးက ဩဘာပေးနေသည်။ Fan မိန်းကလေးအချို့က ဝမ်းနည်းသွားပေမယ့် လိုက်ဖက်ညီမှုရော၊ တိုးရူရဲ့ ကြိုးစားမှု အရည်အချင်းနဲ့ ပေးဆပ်ပြီး ရှေ့တန်းထွက်မည့်အကြောင်း သိထားတာရောကြောင့် တားဆီးပိတ်ပင်ခြင်းမရှိပဲ လက်ခုပ်တီးပေးကြသည်။

Shou နှင့် Kou ရဲ့ marriage announcement က sever တစ်ခုလုံး သိနေတာဖြစ်ပေမယ့် Devilish နှင့် Blade, Toru တို့ကသာ အမှန်တကယ် ချစ်ကြိုက်နေမှန်း သိကြပြီး အများစုက marriage quest ရဲ့ ရတဲ့ ဆုလာဒ်ကြောင့် လက်ထပ်ထားခြင်းဟုသာ ထင်မြင်ကြတာမို့ အနည်းငယ် ဝေဖန်မှုများ ထွက်ပေါ်ပြီး အေးအေးဆေးဆေး ဖြစ်သွားကြသည်။ Kou က Shou ကို ထမ်းခေါ်သွားသည်ကို မြင်လိုက်သော သူအချို့ကမူ ယခုထိ ငြင်းနေဆဲပင်။

Shou နဲ့ Kou က လက်ချင်းချိတ်မထားပေမယ့် ပုခုံးချင်းယှဉ်လျှက် စကားပြောလာသည်။ Kou က Shou ကို ဟာသတစ်ခု ပြောပြနေပုံရပြီး Shou က ချစ်စဖွယ် ခပ်ဟဟ ရယ်နေသည်။ နှစ်ယောက်လုံးက ယခု တိုက်မည့် တိုက်ပွဲအတွက် ဖိစီးမှု စိုးစင်းမျှ ရှိဟန်မတူပေ။ သူတို့နှစ်ယောက်ကို ကြည့်ရတာ ညအမှောင်မှ ထွက်လာသော ပြည့်ဝန်းတဲ့ လမင်းကဲ့သို့ မျှော်လင်းခြင်းအလင်းရောင်ကို ပေးသည်။ စိုးရိမ်ပူလောင်ခြင်းများကို အေးမြသက်သာစေသည်။

"လူစုံပြီမလား သွားစို" Kou ရဲ့ ဆော်ဩမှု နောက်မှာ တိုက်ခိုက်မည့်သူများ တိတ်တဆိတ် လိုက်ပါလာသည်။ ယခုတိုက်ရမည့် တိုက်ပွဲက ဘဝမှာ အကြီးမားဆုံး အလောင်းအစားပင်။ ကံကောင်းတာက သူတို့ဘက်မှာ Kou နှင့် Shou ဟူသော ခေါင်းဆောင် နှစ်ယောက် ရှိသည်။

The Stranger I love (System)Where stories live. Discover now