Event ဒုတိယအကြိမ်ကို ရောက်လာသည်။ Shou ပြင်ဆင်ထားသည့်ကြားမှ ကစားသမား 7 ယောက် HP zero ထိ ကျသွားသည်။ သတင်းကြားကြားချင်း Shou က ချက်ချင်း ထိုကစားသမားများဆီ အပြေးသွားသည်။ သက်ဆိုင်ရာ Guild များကို request လုပ်၍ Body ကို သယ်လာပြီး Light ရဲ့ မြေအောက်ခန်းမှာ ထားသည်။

ထို Event အပြီးမှာ Shou က အားနည်းသွားသည့် ပုံစံမျိုး ဖြစ်လာပြီး အဲ့လို အားနည်းမှုမျိုးက Game Character နဲ့ မဆိုင်ပဲ အပြင် ခန္ဓာကိုယ်က တစ်ခုခု ဖြစ်နေလို့ဆိုတာ အဖွဲ့သားများက ရိပ်မိကြသည်။ Shou စိတ်များ အရမ်းထိခိုက်သွားတာလား။ နဂိုထဲကမှ တာဝန်ယူတတ်တဲ့ Shou ... SLထဲမှာ လူခုနစ်ယောက် သေသွာပြီဆိုတဲ့ သတင်းကသူ့ကိုများ အလဲထိုးလိုက်မိစေသလား။ အားလုံးက စိတ်ပူနေကြသည်။ Shou ကလည်း တပတ်လောက် လေ့ကျင့်ကွင်းထဲ ပေါ်မလာတော့ပဲ Kou ကို အစားထိုးခိုင်းပြီး တစ်ယောက်ထဲ အခန်းထဲတွင်သာနေသည်။

Shou ရဲ့ ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် Kou တစ်ယောက်လည်း ကမ္ဘာပျက်နေသည်။ ရုတ်တရက်ကြီး Shou က အခန်းပြောင်းနေပြီး သူ့ကိုလည်း အဝင်မခံတဲ့အပြင် Aki ကို အကူအညီတောင်း၍ စကားသွားပြောခိုင်းသော်လည်း နားချင်တယ်ဟုသာ ပြောပြီး ပြန်လွှတ်လိုက်သည်။

Game ထဲမှ အရသာအရှိဆုံးဟု ထင်ရသည့် အားအင်းပြည့်စေသည့် စွပ်ပြုတ်အစားအစာများ ပို့ပေးသော်လည်း မစားပေ။ Kou ရဲ့ စိုးရိမ်ရေမှတ်က အမြင့်ဆုံး ရောက်လာလေသည်။ Shou ဘာဖြစ်နေတာလဲ။ ဘာဖြစ်လို့ ရုတ်တရက်ကြီး သူစိမ်းဆန်သွားတာလဲ။ သူနောက်ဆုံး တင်းမခံနိုင်၍ အခန်းထဲကို ဇွတ်ဝင်သွားသည်။ သို့သော် အခန်းထဲမှာ Shou ရှိမနေချေ။ တနေကုန် လိုက်ရှာသော်လည်း မတွေ့ရပေ။ marriage requestကို ထပ်လက်ခံဖို့ အတင်းအကြပ် မလုပ်ခဲ့မိတဲ့ သူ့ကိုယ်သူ အပြစ်တင်မိသည်။ အခုလို အချိန်မှာ Shou ကို trace လိုက်လို့ မရတော့ပေ။

"Shou .. မင်း ဘယ်ရောက်နေတာလဲကွာ။  ငါစိတ်ပူလှပြီ"

တဖြည်းဖြည်းနဲ့ ညဉ့်ဦးယံ ရောက်လာသည်။ Light ရဲ့ အမြင့်ဆုံး မျှော်စင်ခေါင်မိုးပေါ်မှ သံစဉ်တခု ပြန့်နှံလာသည်။ ထိုသံစဉ်က မကြာခင် နောက်ဆုံးတိုက်ပွဲ ဆင်နွှဲရမည့်သူတွေရဲ့ စိတ်လှုပ်ရှားမှုကို အနည်းနဲ့ အများ သက်သာစေသည်။

The Stranger I love (System)Where stories live. Discover now