Light ဘက်က ရှုံးသွားတယ် ဆိုပေမယ့် Top100 တောင်မဝင်သော player များက Top Rank player များနှင့် သူတင်ကိုယ်တင် တိုက်ခိုက်နိုင်ပြီး တစ်ယောက်ရဲ့ Skillကို တစ်ယောက် ကောင်းစွာ နားလည်နေ၍ အလိုက်သင့် အချိန်ကိုက် သုံးနိုင်ခြင်းက ကြည့်နေတဲ့သူများကို အံအားသင့်စေသည်။ ထို့ပြင် Guild ရဲ့ နာမည်ကို ဂရုမစိုက်ပဲ သာမာန် player များကို ယုံကြည်ပြီး ပွဲထုတ်ရဲတဲ့ Kouရဲ့ သတ္တိကို တိတ်တဆိတ် လေးစားနေကြသည်။

Round 2 မှာ Light ရဲ့ ဖွဲ့စည်းပုံက Knight 2/ Archer/ Healer ဖြစ်တဲ့ Standard Party ပုံစံ အတိုင်းပင်။ Knight နှစ်ယောက်က Strong ဖြစ်သလို Hanzo ရဲ့ Top Rank Knight များနဲ့ ကောင်းကောင်းယှဉ်နိုင်သည်။ Archer က Supporting နဲ့ မကစားပဲ Attacking နဲ့ ကစားတာကြောင့် ကြည့်ရတဲ့သူများအတွက် တမျိုးဆန်းစေသည်။

"Light က Event မှာ Damage အများဆုံးရတာ မဆန်းတော့ဘူး။ Support Class တွေကတောင် Main Class အဖြစ်နဲ့ ကစားနိုင်တယ်"
ပွဲကြည့် ပရိတ်သတ်ထဲမှ lvl မြင့် player တစ်ယောက်က မှတ်ချက်ချသည်။ ဘေးပတ်ဝန်းကျင်မှသူများကလည်း ထောက်ခံသည်။

Archer ရဲ့ Damage က Knight တစ်ယောက်ရဲ့ Damage ထက်ပင် များသေးသည်။ ထို့ပြင်Light ရဲ့ Healer ကလည်း Heal အပြင် Archer လပ်နေတဲ့ Supporting ကိုပါ cover ဖြစ်အောင် spell မျိုးစုံ သုံး၍ ထိန်းပေးနိုင်​သေးသည်။

ထိုHealer ရဲ့ Spell များကြောင့် Team တစ်ခုလုံးက အမြဲ Boost mode မှာ ရှိနေပြီး Critical Damage မှာ နှစ်ဆ သုံးဆနှင့် တချက်ထိလိုက်တိုင်း HP ကို သိသိသာသာလျော့စေပြီး တဖက်ပြိုင်ဘက်မှ Healer မှာ အလျှင်မှီအောင် မHeal ပေးနိုင်တော့ချေ။ ဒုတိယ Round က Light ဘက်က အသာစီးနှင့် နိုင်သွားသည်။ Hanzo ရဲ့ 2nd Group မှာ ပါဝင်နေသူများက တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေကြချိန် Light ဘက်မှ Group ကတော့ ခေါင်းဆောင်တို့ဘက် ဦးညွတ်၍ တိတ်တဆိတ် ထွက်ခွါသွားသည်။

Round 3 စ သည်နှင့် ပရိသတ်များ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ Light ရဲ့ Assassin 2/ Archer/ Healer အတွဲအစပ်က Hanzo အပါအဝင် အခြား အဖွဲ့အားလုံးရဲ့ အာရုံကို ဆွဲဆောင်လိုက်သည်။

သူတို့နားလည်ထားသည်က Assassin ဆိုသည််မှာ အရေးမပါသော၊ အသုံးမကျသော class ဖြစ်သည်။ ဒီလို ထိပ်တိုက်ရင်ဆိုင်တဲ့ Combat တွေမှာ Knight နဲ့ ဘယ်လိုမှ ယှဉ်မရဘူးဆိုတာ သိလျှက်နှင့် Assassin နှစ်ယောက် ပူးပေါင်းတဲ့ ကိစ္စက ကပျက်ကချော် လုပ်တာလား .. ရန်သူကို အထင်သေးတာလားလို့ မေးစရာ ဖြစ်နေသည်။ Kou ကို ကြည့်လိုက်တော့လည်း တည်တည်ငြိမ်ငြိမ်ပင်။

The Stranger I love (System)Where stories live. Discover now