**အခုသူ လာလည်း ရိုက်ဖို့ အဆင်မပြေတော့ဘူး... ကျွန်တော်ညနေဘက် မြို့ပြင်မှာ Photoshoot ရှိတယ်လေ **

**အိုး ဟုတ်တယ်... M magazine အတွက် Cover **

Magazine ထဲမှာ အလယ်အလတ်
ရောင်းအားရှိတဲ့ M magazine ရဲ့
Cover model ဆိုတာ
Jiminလို သရုပ်ဆောင် အသစ်လေးအတွက်တော့
ကောင်းမွန်သည့်အခွင့်အရေး တခုဖြစ်တာမို့
ဒီအလုပ်ကို Eun Seokက
သူ့ရဲ့ မိတ်ဆွေတွေကတဆင့်
ရအောင် ကြိုးစားထားရတာဖြစ်သည်။

**ok ဒါဆိုလည်း Hyung ပြောခဲ့ပြီး လိုက်လာခဲ့မယ် Jimin က ကားပေါ်ပြန်လိုက်တော့ **

နဂိုထဲက သူတို့ ဒီဘက်ရိုက်ကွင်းနှင့်
ပြောထားသည့်အချိန်က
မနက်ခင်းပိုင်းအတွက်သာ
အချိန်အတိအကျအတွင်းမရိုက်နိုင်သည့်အတွက်က
Jiminတို့ဘက်တွင် တာဝန်လုံးဝမရှိပေ။

Eun Seok က Directorနှင့်
တခြားဝန်ထမ်းတွေရှိရာဘက်ကို
ထွက်သွားသည်နှင့် Jiminလည်း
ရိုက်ကွင်းနေရာကနေထွက်လာခဲ့တော့သည်။

သူကားဆီမရောက်ခင်မှာတင်
လမ်းတဝက်မှာ တွေ့လိုက်ရသည်က
နောက်ကျနေပါသော သရုပ်ဆောင်မင်းသမီး နှင့်
သူမ၏ မန်နေဂျာ။

**Oh. ..Jiminshi မင်္ဂလာပါ **

လာနှုတ်ဆက်တဲ့ မန်နေဂျာကြောင့်
Jiminမှာ လူမှုရေးအရပြန်နှုတ်ဆက်လိုက်ရသည်။

**ကျွန်တော်တို့နည်းနည်းနောက်ကျသွားလို့ Sorryပါဗျာ ဒါနဲ့ ဘာလို့ အပြင်ရောက်နေတာလဲ**

**ပြန်တော့မလို့လေ **

**ဗျာ... ကျွန်တော်တို့ Hye Ri ကခုမှရောက်တာလေ**

**အဲ့တာ ကတော့ အဲ့ဒီဘက်ကအပိုင်းပါ ကျွန်တော်က တော့ ပေးထားတဲ့အချိန်ကုန်ပြီမို့... ဒီလောက်ပဲ **

**အဲ့လိုမရဘူးလေ ခဏလေး Jiminshi**

ထွက်သွားမည့်ဟန်ပြင်နေသည့်
Jiminကို လိုက်ဆွဲရန်ပြင်နေသည့် မန်နေဂျာ
Jiminအနားမရောက်ခင်ပင်
မန်နေဂျာ Eun Seok အပြင်ထွက်လာသည်။

သူ့အနောက်တွင်က လိုက်တားနေသော
ရိုက်ကွင်းစီစဥ်သူ ဝန်ထမ်း ။

သူမကို တွေ့တာတောင်
နှုတ်မဆက်ရုံမက
အေးစက်စက် နှင့် ထွက်သွားဖို့ပါပြင်နေသော
Jiminကိုကြည့်ရင်း Hye Ri ကတော့
အလိုမကျ မျက်နှာညိုသွားတော့သည်။

Hey! Mr.Rapper, I'm your Anti-fan [YM]Where stories live. Discover now