A Rank ဆိုတာက HPများပြီး တိုက်ခိုက်ရေးတော်တဲ့သူတွေ၊ ရှေ့တန်းထွက်မယ့်သူတွေကို Player အချင်းချင်း သတ်မှတ်ထားတဲ့ စံနှုန်းဖြစ်သည်။

Shou က ဘာကောင်မှတော့ မဟုတ်ပေမယ့် ကစဉ့်ကလျားဖြစ်နေချိန်မှာ ဖြေရှင်းဖို့ နည်းလမ်းကို ပြောလာသည်မို့ စိတ်ဓာတ်ပျက်ပြားနေတဲ့ လူတစ်စုအတွက် ရေနစ်တဲ့အချိန် မြင်ရတဲ့ ကောက်ရိုး တမျှင်ကဲ့သို့ပင် ဘာမှ မစဉ်းစားနေပဲ ဖမ်းဆုပ်လိုက်ကြသည်။

တောင်ပိုင်းခေါင်းဆောင်က Shou ကို မမြင်ဘူးတာကြောင့် ဘယ်သူမှန်းမသိပေမယ့် အခြားGuild တခုက ကူဖို့ လွှတ်ပေးလိုက်တဲ့ ခေါင်းဆောင် Healer တစ်ဦးဟုသာ မှတ်ယူလက်ခံလိုက်သည်။

"HP 1/4 ထိ လျော့သွားရင် နောက်ဆုတ်မယ်။ Healer ဆီက Heal လက်ခံပြီးရင် ပြန်တက်မယ်။ နောက်ဆုတ်လာတဲ့သူတွေနေရာမှာ B Rank တွေက ခဏအစားဝင်ထိန်းမယ်။ ပိုနေတဲ့ Healer တွေက cool down မလည်တဲ့အခါ ကူဖြည့်ပေး။ ရမလား"
"Roger" "Copy that" "Okay"
တုန့်ပြန်သံ အသီးသီးရပြီးနောက်မှာ အခြေအနေက ချက်ချင်း တိုးတက်လာသည်။

Shou က ဒုတိယခံတပ်နားထိ ရောက်နေတဲ့ Monster များကို တိုက်ခိုက်ပေးလိုက်သည်။ သတိထားမိသူအချို့က အံဩကုန်သည်။ ဒီ Healer က Attacking လည်း ကောင်းတယ်ဟ။ Healer တွေက တချို့တလေ Attack ရပေမယ့် Shou လို ထူးချွန်အောင် တော်နေသူတော့ မရှိပေ။

Shou တောင်ဘက်မှာ နည်းနည်းအဆင်ပြေသွားတာနဲ့ ချက်ချင်း Light ကို ပြန်ပြေးတော့သည်။ Light မှာက Healer လောက်တာ မဟုတ်ဖူး။ တောင်ဘက်ပြသနာက ဘာမှ မဟုတ်ဖူး အေးဆေး။ Light ကသာ သူမရှိရင် Healer အချိုးနည်းတာကြောင့် မျက်ဖြူဆိုက်နေမှာ။
_______

တိုးရူ က Shou အရေးကြီးနေပုံရလို့ လွှတ်လိုက်ပေမယ့် သူမစိတ်ထဲမှာတော့ စိုးရိမ်နေသည်။ 5mins ပဲ ။ 5mins လေး ထိန်းပေးရုံပဲ ။ ကိုယ့်ကိုကိုယ် အားတင်းပြီး ရှိသမျှ Supporting Spell တွေ အားလုံး တစ်ခုပြီးတခု အလှည့်ကျသုံးသည်။  သို့သော် wave တစ်ခုထက် တစ်ခု ပိုခက်လာသလို HP လျော့တဲ့သူကလည်း အရမ်းများလာသည်။ သူမ လက်အောက်မှ Healer များမှာ သွေးထပ်ဖြည့်ဖို့ပင် cool down မလည်တော့ပေ။
(cool down= skill တစ်ခု သုံးပြီး နောက်တခေါက်ထပ်သုံးဖို့ စောင့်ရသည့်အချိန်)

The Stranger I love (System)Where stories live. Discover now