အပိုင်း ( ၁၂ ) ( Zawgyi )

Почніть із самого початку
                                    

လေးဆက် တကယ့်ကို စိတ်ပျက်လက်ပျက်ဖြစ်နေသည့်အသံဖြင့် ပြောပြနေတာကိုတောင် မြတ်သူက မယုံသလိုပုံစံဖြင့်

" ဘာလဲ ... လေးဆက် ... မင်း စိုးရိမ်နေတာလား ... ဟား ... ဟား ... ဟား ... "

မြတ်သူရဲ့‌လှောင်ရယ်သံကြောင့် လေးဆက်လည်း စိတ်တိုတိုဖြင့်

" ခွေးသူတောင်းစားရေ ... ငါ စိုးရိမ်နေတာမဟုတ်ဘူးဟ ... စိတ်ပျက်နေတာ ... တွေ့လား ... တွေ့လား ... ငါ့ရဲ့စိတ်ပျက်ညစ်ညူးနေတဲ့မျက်နှာကြီးကို မင်း မြင်လား "

လေးဆက်က သူ့ရဲ့မျက်နှာကို မြတ်သူရှေ့ကပ်ပြလိုက်တော့

" ဝမ်းမနာသားရယ် ... မင်းအခွက်ကြီးကို ငါ့မျက်နှာရှေ့က ဖယ်လိုက်စမ်းပါ ... ကျက်သရေမရှိဘူး "

" ခွေးသူတောင်းစားကောင် ... အခု သွားကြည့်ပေး ... "

" အခု သွားကြည့်ပေးမလို့လုပ်နေတာလေ ... ဘယ်လိုဖြစ်နေတာလဲ ... စေတနာပျက်အောင် ... "

" သွားကြည့် ... သွား ... သွား ... မြန်မြန်သွား ... "

လေးဆက် ဗိုက်ကို ဖိနှိပ်ထားရင်းမှ ထိုင်ခုံက ထကာ တံခါးကနေ ဟိုကောင်လေး ရှိ မရှိကို သွားကြည့်မည်ဟန်ပြင်နေသော မြတ်သူကို အနောက်က ဆောင့်ကန်လိုက်သည်။

" ဘယ်လိုဖြစ်လို့ ငါ့ကိုဆောင့်ကန်နေတာလဲ ... ဝမ်းမနာသားလေးရဲ့ ... "

" မင်းက နှေးတုံ့နှေးတုံ့လုပ်နေတာကိုး ... မြန်မြန်သွားကြည့်ပေး ... "

‌မြတ်သူလည်း လေးဆက်ရဲ့ဖြစ်အင်ကို ကြည့်ရင်း ခေါင်းခါရမ်းကာ အခန်းရှေ့မှာ ဈာန်ရောင်ခ ရှိ မရှိ သေချာအောင် သွားကြည့်ပေးလိုက်သည်။ ထိုကောင်လေး မရှိတော့ဘူးဆိုတာ သေချာမှ ထိုင်ခုံရှိရာသို့ ပြန်လာထိုင်ပြီး လေးဆက်အား အကျိုးအကြောင်းပြန်ပြောရသည်။

" ဟိုကောင်လေး မရှိတော့ဘူး ... မင်း သွားချင်သွားလို့ရပြီ "

ထိုအခါမှ လေးဆက်တစ်ယောက် ဝမ်းသာလုံးစို့သွားကာ

" တကယ်လား ... တကယ်မရှိတော့တာ ကျိန်းသေးလား "

မြတ်သူကလည်း လေးဆက်ကို စိတ်မရှည်တော့သဖြင့်

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now