အပိုင်း ( ၇ ) ( Unicode )

3.5K 474 12
                                    

“ အေးလိုက်တာ ”

ရေချိုးပြီးစဖြစ်သည့်အပြင် ပြတင်းပေါက်ကနေတိုက်ခတ်လာသည့် ညလေအေးက လေးဆက်ရဲ့ကိုယ်လုံးလေးကို အလိုလိုကျုံ့သွားစေသည်။ လူက အအေးဒဏ်ကို မခံနိုင်သော်ငြား အေးစက်မှုကို နှစ်သက်သည့်လေးဆက်ကတော့ ကုတင်ဘေးက ပြတင်းပေါက်ကို ပိတ်ဖို့ လုံးဝစိတ်ကူးမရှိပါ။

အေးခါမှအေးရော နိုဝင်ဘာညလေအေးက တကယ့်ကို နှစ်ခြိုက်စရာကောင်းလှသည်။ ညလေအေးက ခပ်နွဲ့နွဲ့ ခပ်ပြေပြေတိုက်ခတ်လာသည့်အခါ လေးဆက် စိတ်ပျော်ရွှင်ရသလို အေးချမ်းမှုကိုလည်း ခံစားနေရသည်။

လေးဆက်တစ်ယောက် ကုတင်ပေါ်က ခေါင်းအုံးလေးကို ကျောမှီလို့ရအောင် ပြင်ထိုင်လိုက်ကာ ဖတ်လက်စစာအုပ်ဖြစ်သည့် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ဆိုသည့်စာအုပ်ကို ကောက်ကိုင်လိုက်သည်။ ဒီစာအုပ်ကို လေးဆက် ဒုတိယအကြိမ် ပြန်ဖတ်နေခြင်းဖြစ်သော်ငြား မငြီးငွေ့မိပေ။ စာအုပ်၏ဆွဲငင်ညို့ယူမှု‌ကြောင့် လေးဆက် ဇာတ်လမ်းထဲ စိတ်ပါဝင်စားနေတုန်း

တောင် !

နိုတီတစ်ခုတက်လာသံနှင့်အတူ လေးဆက်ရဲ့နံဘေးမှာ ချထားသည့်ဖုန်း၏မျက်နှာပြင်က လင်းလာသည်။ လေးဆက် ဖုန်းကို တစ်ချက်လှမ်းကြည့်လိုက်ကာ စာအုပ်ဆီသို့ ပြန်အာရုံရောက်သွားသည်။ သို့သော်ငြား မြတ်သူများ သူ့ကို စကားလာပြော‌နေတာလားဆိုသည့် အတွေးတစ်ချက်ကြောင့် လေးဆက် ဖုန်းကို ကောက်ကိုင်မိတော့ Facebook က Friend Request မှာ နိုတီတက်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။

မကြည့်တော့ပါဘူးလေ ဟုဆုံးဖြတ်ပြီးကာမှ အကြည့်တို့က ထိုနိုတီပေါ် အာရုံရောက်သွားတော့ လေးဆက်လက်ထဲမှဖုန်းက အိပ်ရာထက်သို့ ပြုတ်ကျသွားသလို လူကလည်း ထိတ်လန့်စိတ်ကြောင့် တုန်ယင်သွားရသည်။ ထိုနိုတီမှာ လေးဆက်အား အကြီးအကျယ်ရှော့ခ်ရစေနိုင်သည်။

Zam Yaung Kha sent you a friend request.

Friend Request တစ်ခုရောက်လာတာရိုးရှင်းလွန်းပေမဲ့ လေးဆက်ကတော့ မဟုတ်တာလုပ်ထားသည့်လူဖြစ်သည့်အတွက် ရင်ထဲမှာ တုန်လှုပ်နေရသည်။ ထိုသူက တခြားလူမဟုတ်ဘဲ ဈာန်ရောင်ခဖြစ်နေသည့်အတွက် လေးဆက်မှာ ပို၍ခြောက်ချားရသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now