Announcement

1.7K 149 9
                                    

ကိုယ် တစ်ခုပြောစရာရှိလို့ပါ ...

ကိုယ် အပ်ဒိတ်ငါးရက်နားမယ်လို့ပြောခဲ့ပေမဲ့ အခုချိန်မှာ အဆင်မပြေတော့ပါဘူး ...

တိုင်းပြည်အရေးက ပိုအရေးကြီးပါတယ် ...

အခုလို တိုင်းပြည်က အမှောင်တွင်းထဲ ရောက်လုဆဲဆဲဖြစ်နေတဲ့အချိန်မှာ ကိုယ်လည်း ဘယ်လိုမှ ဝတ္ထုရေးဖို့ အာရုံမရပါဘူး ...

တိုင်းပြည်အရေးထက်လည်း ဘယ်ဟာမှ အရေးမကြီးပါဘူး ...

စစ်အာဏာရှင်လက်ထဲ တိုင်းပြည် ပြန်ရောက်သွားလို့ လုံးဝ လုံးဝ မဖြစ်ပါဘူး ...

စကားတစ်ခွန်းပြောဖို့အရေး ကြောက်ရွံ့နေရတာမျိုး၊ တစ်စုံတစ်ယောက်ရဲ့ထိန်းချုပ်မှုအောက်မှာ ရုပ်သေးရုပ်လို နေရမှာကို တွေးကြည့်ရုံနဲ့တင် တကယ် စိုးရွံ့မိပါတယ် ...

အဲ့ဘဝကို ပြန်လည်း မရောက်ချင်ပါဘူး ...

ယောကျာ်းမိန်းမတန်းတူအခွင့်အရေး၊ LGBT Right တွေဆိုတာ ဝေလာဝေး ...

လူတစ်ယောက်မှာရှိသင့်တဲ့ ရသင့်တဲ့ လူ့အခွင့်အရေးတောင် ရမှာမဟုတ်ပါဘူး ...

အခုလိုမျိုး LGBT နဲ့သက်ဆိုင်တဲ့စာတွေရေးလာနိုင်တာ၊ LGBTတွေ ပွင့်ပွင့်လင်းလင်း ရပ်တည်လာနိုင်တာက လွန်ခဲ့တဲ့ငါးနှစ်အတွင်းက ရရှိခဲ့တဲ့ လွတ်လပ်မှုတွေကြောင့်ပါ ...

အရင်ခေတ်တုန်းကဆို LGBT တွေက လှောင်ရယ်စရာပျက်လုံးတစ်ခုပဲ ... Mutual Respect ဆိုတာ LGBT တွေအတွက်မဟုတ်ဘူး ... တစ်ချိန်လုံး အလှောင်ပြောင်ခံဘဝနဲ့ပဲ နေရတာ ... နောက်ပိုင်းမှ တိုင်းပြည်ရဲ့ဒီမိုကရေစီကြောင့် တဖြည်းဖြည်းအဆင်ပြေလာနိုင်ခဲ့တာ

လွန်ခဲ့တဲ့ငါးနှစ်မတိုင်ခင်တုန်းက ဖုန်းဆိုတာ လူတိုင်းမကိုင်နိုင်ဘူး ... တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့အရမ်းခက် ... အင်တာနက်ဆိုတာ ဝေးသေး ... အဖော်ပြုစရာ စာအုပ်တွေနဲ့ တီဗီပဲ ရှိခဲ့တာ ...

အဲဒီလောက်စိတ်နာစရာကောင်းတဲ့ဘဝကြီးကို ပြန်သွားချင်ကြလား ...

တတ်နိုင်သမျှ ကြိုးစားကြည့်ကြပါ ...

ကိုယ်လည်း ကိုယ့် Personal Account မှာရော စာရေးဖို့သက်သက်ဖွင့်ထားတဲ့အကောင့်မှာရော တတ်နိုင်တဲ့ဘက်က ကြိုးစားနေပါတယ် ...

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Tahanan ng mga kuwento. Tumuklas ngayon