2

21.6K 939 25
                                    

Unicode
∆∆∆∆∆∆∆

"အ့..."

နှိုးထလာသော မနက်ခင်းက မနေ့က အရှိန်ကြောင့် တစ်ကိုယ်လုံး ကိုက်ခဲနေသည်။

ရေမိုးချိုးကာ အခန်းပြင်ထွက်လာတော့ မနေ့က အကြွေးရှင်တွေ သောင်းကျန်းထားသော ပစ္စည်းပစ္စရများက နေရာအနှံ့ ။

သူတံမျက်စည်း ယူကာ အကုန်လှည်းကျင်းလိုက်ပြီး မိခင်ကို ရှာဖွေလိုက်သည်။

မတွေ့.....။ ကြည့်ရတာ လောင်းကစားဝိုင်း ရောက်နေပြန်ပြီ ထင်ရဲ့။

ကျောင်းသွားရန် အဝတ်စားလဲလိုက်ပြီး မနက်စာ စားရန် မီးဖိုခန်းထဲ ဝင်လိုက်သည်။

ချက်ပြုတ်ထားသည့် အရာဆို၍ နတ္ထိ။

ရေခဲသတ္တာထဲက ပန်းသီး ၂လုံးနှင့် နို့ဘူးကိုသာ ဆွဲယူပြီး မနက်စာအဖြစ် ဗိုက်ဖြည့်လိုက်သည်။

နောက် အိမ်စာများကို ပြန်စစ်ပြီး တစ်နေ့စာ တစ်နေ့အလျင်မှီအောင် ပြန်ပြီး နွေးနေလိုက်သည်။

*တီ...တီ..တီ..."

မနက်(၈)နာရီထိုးပြီဟု နာရီမှ alurm သံ မြည်လာမှ စာအုပ်သိမ်းပြီး bus ကားဂိတ်သို့ ထွက်ခဲ့သည်။

"........ Private School"

နောက်ခံ အစိမ်းပေါ်တွင် ရွှေဝါရောင် ဖောင်းကြွဒီဇိုင်းဖြင့် ခန်းနားနေသော ကျောင်းကြီးရှေ့တွင် ခြေစုံရပ်ရင်း လွယ်အိတ်ကြိုးကို ကျစ်ကျစ်ပါအောင် စုတ်ကိုင်ထားမိသည်။

နောက် လေးလံသော ခြေလှမ်းများဖြင့် ကျောင်းဝင်းအတွင်းသို့....။

*ဖတ်*

"အ့..."

သူ့တင်ပါးပေါ် ဖတ်ခနဲ ရိုက်ခံလိုက်ရသလို မနေ့က အရှိန်ကြောင့် အနောက်တစ်နေရာမှ နာကျင်နေဆဲ...။

"sorry နော် ငယ် နာသွားလား...ငါက ဒီတိုင်း စချင်လို့ ဒဏ်ရာရထားတာလား"

သူ့ကို ချက်ချင်း လာတောင်းပန်သော ကြယ်စင်ထက်။ သူ့ရဲ့ အတန်းထဲက အရမ်းကြီး မရင်းနှီးသော်လည်း မျက်မှန်းတန်းမိနေသော ကျောင်းသား...။

"ရပါတယ် မနေ့က ချော်လဲထားလို့ နာနေလို့ပါ အဆင်ပြေတယ်"

"oh sorry ငါမသိလို့ ငါက မင်းကျောင်းပျက်နေတာ တစ်ပတ်ကျော်ပြီ အခုမှ ပြန်လာတယ်ဆိုတော့ ဝမ်းသာပြီး ပြေးရိုက်လိုက်မိတာ"

My Lovely Night Bird Boy (Completed)Where stories live. Discover now