U22. Never-Ending Love

1.3K 53 2
                                    

22. Never-Ending Love

*ဒေါက်*ဒေါက်*ဒေါက်*

"BaekHyun."

တံခါးခေါက်ကာ နာမည်ခေါ်သံကြောင့် Baek Hyun မှေးနေရာမှ မျက်လုံးတွေ ပွင့်လာသည်။ ဘယ်သူ့အသံလဲဆိုတာ Baek Hyun သိနေတာပဲလေ။

"Appa..."

Baek Hyun ဘာလုပ်ရမလဲမသိ၊ စကားပြန်ပြောရမယ်ဆိုတာ သိပေမဲ့ ဟိုတစ်နေ့ Baek Hyun သတိမလစ်ခင်က အဖေ့ပုံစံကို မြင်ယောင်နေတာကြောင့် စကားမပြန်ရဲ။

"Baek Hyun တံခါးဖွင့်ဦး။"

စကားတောင်မပြန်ရဲတာ၊ တံခါးဖွင့်ပေးဖို့ဆို ဝေးလာဝေး။ Baek Hyun စောင်ကို နှာခေါင်းအုပ်အောင်ထိ ဆွဲခြုံရင်း နာရီကိုကြည့်မိသည်။ လေးနာရီ။ ညနေလေးနာရီမှာ Yeol ဘယ်ရောက်သွားတာပါလိမ့်။ Baek Hyun အဖေ့ကို စကားမပြောရဲသေးဘူး။ Chan yeol ပြောမှဖြစ်မှာ။

"Baek. အဲ့ဒါ မင်းအဖေ မဟုတ်ဘူးလား။"

ရေချိုးခန်းထဲက ထွက်လာတဲ့ Chanyeol ကို BaekHyun ခေါင်းညိတ်ပြမိသည်။

"စကားသွားမပြောရဲလို့၊ အဲ့ဒါ..."

Chan Yeol က သက်ပြင်းချရင်း တံခါးဆီသွားကာ ဖွင့်လိုက်သည်။

"Byun အိမ်တော်ထိန်း... ဟို Mr. Byun. ဘာကိစ္စရှိလို့ပါလဲ။"

Chan Yeol ရဲ့အခေါ်အဝေါ်ကြောင့် Byun Min Young ခဏကြောင်သွားပုံရသည်။ ပြီးမှ...

"BaekHyun ရော..."

"သူသိပ်နေမကောင်းလို့၊ အိပ်နေတယ် ဦးလေး။"

Chanyeol လိမ်လိုက်သည်။ အေးလေ။ ဦးလေးကို ထွက်မတွေ့ချင်လို့လို့ ပြောလိုက်ရရင်လည်း မကောင်းဘူးမဟုတ်လား။

"Chan Yeol. ခဏလိုက်ခဲ့ပါ။"

ပြောရင်း ရှေ့ကထွက်သွားတာကြောင့် Chan Yeol မလိုက်ဘဲလည်း မနေသာတာကြောင့် တံခါးအသာပိတ်ကာ ထွက်လာရသည်။ Baek Hyun ကိုတော့ ပြန်လာမှပဲ ပြောတော့မည်ဟု။

"မင်းက... Baek Hyun ကို လက်ထပ်မလို့ဆို။"

Chan Yeol ရဲ့နားရွက်တွေ ထောင်သည်ထက်ပိုထောင်သွားသည်။ အဖေပြောထားတာဖြစ်မည်လို့ ရိပ်စားမိသည့်တိုင် Baek Hyun ရဲ့အဖေ ဒီလိုမေးလာတာကို အံ့ဩမိနေဆဲ။

"တကယ်လို့သာ မင်းရဲ့သားက ကောင်လေးတစ်ယောက်နဲ့ မကြာမတင်အချိန်မှာ လက်ထပ်တော့မယ်ဆိုရင် မင်းဘာလုပ်မလဲ Chan Yeol?"

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now