U14. Saranghanda (사랑한다)

396 35 0
                                    

14. Saranghanda (사랑한다)

နှစ်ယောက်လုံးရဲ့ နှုတ်ခမ်းအစုံရဲ့ ထိကပ်မှုက နွေးထွေးနေပေမဲ့ ကြာလာတော့ အသက်ရှူကြပ်လာတာမို့ Baek Hyun ငြိမ်နေရာမှ လှုပ်ရှားလိုက်ရသည်။ Chan Yeol ကလည်း Baek Hyun ၏ နှုတ်ခမ်းတွေကို နမ်းရှိုက်နေရာမှ အသာလေး ခွာလိုက်သည်။ အသက်ရှူသံ နက်နက်တွေနဲ့ အတူ မောဟိုက်နေတဲ့ ရင်ဘတ်နှစ်စုံက နိမ့်ချည်မြင့်ချည်...

Chan Yeol ၏ ဘယ်လက်က BaekHyun ရဲ့ ပျားရည်ရင့်ရောင် ဆံပင်တွေကို နောက်ကနေ အုပ်ကိုင်ထားသည်။ အရင်ကထက် ပိုမိုပိန်ကျသွားတဲ့ Baek Hyun ရဲ့ ခါးကိုတော့ လက်ချောင်းရှည်ရှည်တွေက အသာထိန်းထားလျက်... Chan Yeol ရဲ့ ကိုယ်ငွေ့က Baek Hyun ရဲ့ ကိုယ်ပေါ် လွှမ်းလျက်သား။ Baek Hyun ၏ ခပ်သေးသေး ကိုယ်ခန္ဓာက Chan Yeol ၏ ချုပ်ကိုင်မှုကြား ပိုမိုသေးကြုံ့နေသလိုမျိုး။

Chan Yeol ရဲ့ ကိုယ်ခန္ဓာက Baek Hyun ထက် ကြီးမားနေတော့ ဒီလိုမျိုး အချင်းချင်း နီးကပ်လွန်းနေတဲ့အခါ Baek Hyun ကို Chan Yeol က အနွေးဓာတ်ပေးပြီး ကာကွယ်ပေးထားသလို ခံစားရသည်။ ထူးဆန်းတာက Chan Yeol ဆီကနေ အခုတလော ရရှိခဲ့နေခဲ့တဲ့ အေးစက်မှုကို မခံစားရတော့... အဲ့ဒီ့အစား နွေးထွေးမှုနှင့် တခြားတစ်ခုကိုပဲ Baek Hyun ခံစားနေရသည်။

နာကျင်မှု။ ဘာလို့ အဲ့ဒါကို ခံစားနေမိရတာလဲ။

Chan Yeol ထံမှ ရှိုက်သံအချို့ကို ကြားရတော့ Baek Hyun မော့ကြည့်မိသည်။ Chan Yeol က မျက်လုံးတွေကို မှိတ်ထားရင်းက တုန်နေသလိုမျိုး... သူ့ ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းတွေကိုလည်း Baek Hyun မြင်ရသည်။ Chan Yeol က ဘာကြောင့် မျက်ရည်ကျရတာလဲ... Baek Hyun က စိတ်ထိခိုက်တတ်တဲ့၊ မျက်ရည်လွယ်တဲ့သူ ဆိုတော့ ထားပါတော့။ ဒါပေမဲ့ Chan Yeol လို စိတ်ဓာတ်ခိုင်မာပုံရတဲ့ သူက ဘာကြောင့်များ... BaekHyun နားမလည်နိုင်တော့။ အထူးသဖြင့် Chan Yeol စိတ်ထားကို နားမလည်နိုင်။

"Wae... Chan Yeol? ဘာလို့ မင်းဒီလို... ငါ့ကို..."

Baek Hyun ထံမှ ထွက်လာသည့် စကားက ရှိုက်သံစွက်လျက်... စကားကို ဆုံးအောင် မပြောပေမဲ့ Chan Yeol နားလည်လိုက်တာမို့...

"တောင်းပန်... ပါတယ်။"

ခပ်တိုးတိုးကြားလိုက် ရတဲ့ စကားနောက်တော့ Baek Hyun ရဲ့ ခါးပေါ်က လက်ပြုတ်သွားကာ ပါးပြင်ပေါ်ကို နူးညံ့တဲ့ အထိအတွေ့ တစ်ခုရောက်လာသည်။ Chan Yeol ရဲ့ ညာလက်တွေက Baek Hyun ရဲ့ မျက်နှာပေါ်မှာ ရှိနေခဲ့တဲ့ မျက်ရည်စတို့ကို တစ်စချင်း သုတ်ဖယ်ပေးနေ၏။ Chan Yeol မျက်လုံးထဲမှာ မျက်ရည်ကြည်တွေနဲ့ အတူ ရောထွေးနေတာက ကြင်နာနွေးထွေးမှု။ တစ်ချိန်က ရှိခဲ့တဲ့ အကြည့်တွေ အခုတော့ Chan Yeol မျက်ဝန်းထဲ ပြန်ရောက်လာခဲ့ပြီပေါ့။

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now