U19. The "Problem"

372 29 0
                                    

19. The "Problem"

~A Week Later~

မွန်းလွဲနှစ် နာရီခွဲအချိန်မှာ Park ဗဟိုအိမ်တော်၏ ဧည့်ခန်းထဲ၌ လူနှစ်ယောက် ထိုင်နေကြသည်။ တစ်ယောက်ကတော့ အသက် ၄၀ ကျော်ခန့် ရှိပြီထင်ရတဲ့ ယောက်ျားတစ်ယောက် ဖြစ်သည်။ သူ့ရှေ့က ခုံပေါ်မှာ ခြေချိတ်လျက် ထိုင်နေတာကတော့ မိန်းကလေးတစ်ဦး။ နှုတ်ခမ်းနီရဲရဲ ဆိုးထားတဲ့ သူ့နှုတ်ခမ်းတွေက ခပ်မဲ့မဲ့အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။

"မင်းပြောတာတွေ အကုန်လုံး... တကယ် အမှန်ပဲလား..."

မေးလိုက်တဲ့ လူကြီးကြောင့် ကောင်မလေးက ပြုံးလိုက်သည်။ သူ့အပြုံးက ဖြူစင်တဲ့ မိန်းကလေး တစ်ယောက်ရဲ့ ပြုံးပြပုံနှင့် ကွာခြားလွန်းနေတော့ သိပ်တော့ နှစ်လိုဖွယ်မကောင်းလှ။

"ကျွန်မ မလိမ်ပါဘူး သူဋ္ဌေးရှင့်... ပြီးတော့ ဒါကို ကျွန်မတစ်ယောက်တည်း သိတာမဟုတ်ပါဘူး။ သိတဲ့သူတွေမှ အများကြီးပါ။"

ယောက်ျားကြီးက ဆရာကြီးလေသံနဲ့ ပြောဆိုလာတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးကို စိုက်ကြည့်လိုက်ရင်း ကိုယ်ဟန်အနေအထားကို ပြင်လိုက်သည်။

"မင်းပြန်နိုင်ပါပြီ မိန်းကလေး Hwan."

မိန်းကလေး Hwan ဆိုတဲ့သူက ကျေနပ်ပုံမရ။ သူလိုချင်တဲ့ တုံ့ပြန်မှုမျိုး မရတာကြောင့် စိတ်ကသိကအောက် ဖြစ်သွားပုံရသည်။ ဒါပေမဲ့ ဘာမှလည်း လုပ်နိုင်စွမ်း မရှိတာကြောင့် မတ်တပ်ထရပ်ကာ တိုကပ်နေတဲ့ စကတ်ကို ဆွဲဖြန့်လိုက်ရင်း...

"ကျွန်မကို သွားခွင့်ပြုပါဦး။"

ယောက်ျားကြီး၏ ခေါင်းတစ်ချက် အညိတ်မှာတော့ ကောင်မလေးရဲ့ တစ်ဝက်တစ်စိတ်လောက် ကျေနပ်လိုက်ပုံရတဲ့ အပြုံးရဲရဲနှင့်အတူ ကောင်မလေးရဲ့ ဒေါက်ဖိနပ်သံတို့က အိမ်အပြင်ဆီ ဦးတည်ထွက်ခွာသွားလေသည်။

သူဋ္ဌေးလို့ အခေါ်ခံရတဲ့ ယောက်ျားကြီးမှာသာ မျက်မှောင် အနည်းငယ် ကုတ်တွန့်လျက်... စက္ကန့်အပိုင်းအစအချို့ လွန်မြောက်ပြီးတဲ့ ခဏအကြာမှာတော့ သူ့ပါးစပ်က ညည်းညူလိုက်ပုံရသော စကားသံ တိုးဖွဖွတချို့...

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now