Shou က Akiရဲ့ တိုက်စစ်ကို  ခန္ဓာကိုယ်ကို လိုအပ်သလိုလှည့်ပြီး တချက်ချင်း ချေဖျက်သည်။ ချေဖျက်ပြီးသည့်နောက်မှာ တန်ပြန်ဓားချက် တစ်ချက် အမြဲ ပါလာပြီး ထိုဓားချက်ကလည်း Aki ကို ကောင်းကောင်း ချိန်းခြောက်နိုင်လေသည်။ Aki က ခဏတွင်းမှာ skill combo ပေါင်းများစွာထုတ်၍ ယှဉ်ပြိုင်ပြီး ဖြစ်ပေမယ့် Shou ရဲ့ HP ကို လေးပုံတပုံတောင် လျော့အောင် မလုပ်နိုင်ပါချေ။ Shou က Aki ကို တချက်ပြီး တချက် ဟာကွက်များကို ပြရင်း ဒဏ်ရာအသေးလေးတွေ အများကြီး ရစေသည်။ Aki ရဲ့ Character ဝတ်စုံမှာလည်း ကြည့်မကောင်းအောင် စုတ်ပြဲနေပြီဖြစ်သည်။

"Aki တော်တော့ ရပ်တော့"
သို့သော် Aki က Shou ပြောတာကို နားမထောင်ပဲ ဆက်တိုက် ဝင်လာသည်။ Shou က ရယ်လိုက်ပြီး နောက်ဆုံးအနေနဲ့ ဓားတစ်ချောင်းကို စင်္ကြာလှည့်၍ ပစ်လိုက်သည်။ နောက်တစ်ချောင်းကို Aki ရင်ဘတ်တည့်တည့် ထိုးသွင်းလိုက်သည်။ Aki လက်တဖက်က မြှောက်လျှက် နံရံတွင် ဓားနဲ့အတူစိုက်နေပြီး လူက ဒူးထောက်ကျသွားသည်။ HP ကလည်း 10 ပဲ ကျန်တော့သည်။ ထို့နောက် Shou က Aki ကို ချက်ချင်း HPအပြည့်ဖြစ်အောင် Heal ပေးလိုက်သည်။

Heal ပြီးသည်နှင့် ခွေးပေါက်စလေး စိတ်ဆိုးနေသကဲ့သို့ Aki ဆီမှ မကျေမနပ်နှင့် ရန်တွေ့သံ ထွက်လာသည်။

"အကို Shou မကောင်းဘူး။ သားကို အနိုင်ကျင့်တယ်။ HP က 10 ပဲ ကျန်တော့တာ.. ကျနော်ဖြင့် လန့်သွားတာပဲ"
"ဟက် .. မင်းကို အဲ့တာကြောင့် တော်တော့လို့ ပြောနေတာလေ .. မှတ်ပြီလား.. "
"အကိုကလည်း"

Kou က ထလာပြီး
"Shou ငါနဲ့ တပွဲလောက် .. "
"ရတယ်လေ .."

Light အဖွဲ့သားများက ပေါ့ပေါ့ပါးပါးပင် ခေါင်းဆောင်ရဲ့ Challenge ကို လက်ခံလိုက်တဲ့ Shou ကို အံဩဘနန်းနဲ့ ကြည့်နေကြသည်။

"Shou .. Kou ကို ထမလာနိုင်တဲ့ထိ ရိုက်ပစ်"
"ဟုတ်တယ် Kou ငါတို့ကို ဗိုလ်ကျနေတာကြာပြီ သင်ခန်းစာကောင်းကောင်းပေးလိုက်"

Devilish အဖွဲ့သားများနဲ့ Blade အဖွဲ့သားများက ရင်းနှီးနေပြီမို့ ဝိုင်း စနောက်ကြသည်။ Shou က ရယ်သာ ရယ်နေသည်။

The Stranger I love (System)Where stories live. Discover now