အပိုင်း - ၆၇

Start from the beginning
                                    

မြို့အရှင်နဲ့ လောင်ဟိုင်း "..."

သူ့ရဲ့အပြုအမူက အရမ်းကို လွန်လွန်ကျူးကျူးဖြစ်သွားတာကို နတ်ဆိုးဘုရင်ကြီးလည်း သတိထားမိပုံရသွားပြီး သူ့ကိုယ်သူ နည်းနည်းပြန်ထိန်းလိုက်တယ်။ ဆံပင်အနက်ရောင်နဲ့ ငယ်ငယ်ရွယ်ရွယ်မြို့အရှင်ဘက်လှည့်ပြီး ပြောလိုက်တယ် "ကိုယ်တော် ဒီအမျိုးသားကို ခေါ်လာတာပါ၊ သူ့ကို ကိုယ်တော့်အတွက် စစ်ဆေးပေးပါ"

ပိုင်ရန် ဝေခွဲမရဖြစ်သွားတယ် 'ဘာကို စစ်ဆေးတာလဲ?'

နတ်ဆိုးဘုရင်ကြီးက ပိုင်ရန်တစ်ယောက်တည်းကြားနိုင်လောက်တဲ့အထိ လေသံကို လျှော့လိုက်တယ် "အခု မင်း မြို့အရှင်နောက်လိုက်ပြီး အထဲရောက်ပြီဆိုရင် သူဘာပဲပြောပြော လုပ်ပေးလိုက်၊ သူ့ကို ဒေါသထွက်အောင်မလုပ်နဲ့... ကိုယ်တော်တို့က မီးတောက်ဆူးမြို့တော်ထဲမှာ ရောက်နေကြတာ၊ သူ့ရဲ့ခွင့်ပြုချက်မရဘူးဆိုရင် ကိုယ်တော်တောင်မှ ထွက်သွားလို့မရဘူး"

"သူက ကျွန်တော့်ကို ဘာလုပ်ခိုင်းမှာလဲ?" ပိုင်ရန် ထပ်ပြီးမေးလိုက်တယ် "အရှင်ကြီးတို့ ကျွန်တော့်ကို တစ်ခုခုမပြောဘဲထားထားတာလား?"

နတ်ဆိုးဘုရင်ကြီးက သူ့ခေါင်းကိုပုတ်ကာ နှုတ်ခမ်းထောင့်လေးတွေက နူးညံ့တဲ့အပြုံးလေးအသွင်ပြောင်းသွားတယ် "စိတ်မပူပါနဲ့ သူက မင်းကို ကုပေးမှာပါ"

'ငါ့ကို ကုပေးမယ်?'

'ဒါက တကယ်ပဲ ဒီလောက်တောင် ရိုးရှင်းနေလား?'

ပိုင်ရန်သံသယဝင်နေမိတယ် "အရှင်ကြီး နှစ်ကိုယ်ကြားသဘောတူညီမှုတွေဘာတွေ လုပ်လိုက်ရတာလား?"

အလကားရတဲ့နေ့လည်စာဆိုတာ မရှိဘူး။ မီးတောက်ဆူးမြို့တော်ကလည်း သဘောမနောကောင်းတဲ့ နေရာမျိုးဟုတ်မနေဘူး။ မဟုတ်မှလွဲရော...

ပိုင်ရန် အသံကိုတိုးပြီးပြောလိုက်တယ် "ကျွန်တော်ကြည့်ရတာတော့ မြို့အရှင်က အရှင်ကြီးကို စိတ်ဝင်စားနေပုံရတယ်၊ တချိန်လုံး ဟိုဟာဆိုလည်း 'အစ်ကိုကြီး' ဒီဟာဆိုလည်း 'အစ်ကိုကြီး'နဲ့... အရှင်ကြီးရဲ့ ခန္ဓာကိုယ်ကို အပေးအယူအနေနဲ့ သုံးလိုက်တာလား?"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now