အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ

Beginne am Anfang
                                    

အမျိုးသမီးများ၏ ထမင်းစား စားပွဲမှာ အန်းကျီယန်နှင့် ဆန့်ကျင်ဘက်တည့်တည့်တွင် ရှိနေပေ၏။

တစ်ချက်ကြည့်ရုံနှင့်ပင် သူ့စားပွဲပေါ်ရှိ အစားအစာများမှာ ယှဥ်ကြည့်ဖို့ရန်ပင် သေးနုပ်နေလေ၏။

အန်းကျီယန် က အစားအသောက် အပေါ် အထူးတလည် ဂရုမစိုက်မိသော်ငြား အစာပုံမှန် စားခြင်းမှတော့ ရှောင်ရှားခြင်း မရှိပါချေ။ ဒီနေ့ သူက ပေါ့ပေါ့ပါးပါး စားစရာများကိုသာ စားသောက်လိုသည်မို့ စားဖိုမှူးဝမ် ချက်ပြုတ်ထားသည့် စားစရာများမှာ အဆီအစ်မနေပါပေ။

ကျန်းပိက ဤသို့သော တိကျသည့် သက်ရောက်မှုမျိုးကို လိုချင်နေသူ ဖြစ်ပြီး ရုတ်ချည်းဆိုသလို ဘဝင်ခိုက်စွာ ပြုံးလိုက်၏။

"အိုက်ယား...ကျီယန်...မင်း ဒီနေ့ ဘာဖြစ်လို့ အရသာမရှိတဲ့ဟာတွေ စားနေရတာလဲ? အန်းမိသားစု မှာ စားလို့ကောင်းတဲ့ဟာ မရှိတော့လို့လား?တတိယအမေက မင်းကို အစားအသောက်နည်းနည်း ခွဲပေးဖို့ လိုနေသေးလား?"

"အမေ...အမေ ဘာတွေပြောနေတာလဲ? သူ့ရဲ့ ခန္ဓာကိုယ် က ဒီလောက် အဖိုးတန်နေတာ...သူက ရိုးရိုးလက်ဖက်ရည်နဲ့ ရိုးရိုးအစားအစာပဲ စားသင့်တာပေါ့"

အန်းခယ့်ရှင်း က နှာခေါင်းရှုံ့သံဖြင့် ပြောလိုက်၏။

"အိုး...ဟုတ်သားပဲ။ ငါ့ရဲ့ နုံချာချာ ဦးနှောက်ကိုပဲ အပြစ်တင်ရမယ်။ ငါ ဒါကို မေ့တော့မလို့... "

ကျန်းပိက သူမခေါင်းကို အလျှင်အမြန် ပုတ်လိုက်လေသည်။ ထို့နောက် သူမက အန်းကျီယန် ကို ပြုံးပြကာ ပြောလိုက်၏။

"အိုက်ယား...ကျီယန်...တတိယအမေက မင်းကို စားဖို့ မမေးတော့ဘူးနော်။ မင်း ဒါကိုစားပြီး မင်းရဲ့ ခန္ဓာကိုယ်က ဒေါသထွက်လာရင် တတိယအမေက အပြစ်သား ဖြစ်သွားမှာပေါ့လေ။ တတိယအမေက အပြစ်သားဖြစ်သွားမယ့် ကိစ္စမျိုးကိုတော့ တောင့်မခံနိုင်ဘူးလေကွယ်"

ဖူဝူထျန်း က အန်းကျီယန် ကို ပြောမိလေတော့သည်။

"သူတို့က အမြဲတမ်း ဒီလိုပဲ ဆူညံနေကြတာလား?"

အမူအရာပြောင်းလဲမသွားပါဘဲ အန်းကျီယန် က အစိမ်းရောင် အသီးအရွက်ကြော်တစ်ဖတ်ကို ကောက်ယူလိုက်၏။ သူက ယင်းကို စားလိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Wo Geschichten leben. Entdecke jetzt