(29)

22.7K 2.6K 112
                                    

Unicode

သွင်မှူးအိမ်ကိုခေါ်လာသောကားမှာ တရကြမ်းမောင်းနေသည် ။ လမ်းဆုံကွေ့တစ်ခုနားအရောက် လမ်းဘေးကပ်ရပ်ထားသည့် ကားတစ်စီးက နောက်မှကပ်လိုက်လာသည် ။

သေချာသည် ။ ထိုကားကလည်း သျှံမင်းဆက်၏လူများ မဟုတ်နိုင် ။ သည်လူတွေ လမ်းကြောင်းလွှဲရန် ကြံစည်နေခြင်းပင်ဖြစ်ရမည် ။ နောက်သို့လှည့်ကြည့်နေစဉ်မှာပင် သူ့နှာခေါင်းပေါ်သို့ တစ်စုံတစ်ခုနှင့် အုပ်ခြင်းခံလိုက်ရကာ လောကကြီးနှင့် ခေတ္တအဆက်ပြတ်သွားတော့သည် ။

မသဲမကွဲမြင်ကွင်းနှင့်အတူ သတိရလာခဲ့သည် ။ ပတ်ပတ်လည်ကို ကြည့်သည် ။ ဘာကိုမှ မမြင်ရ ။ မျက်လုံးအား အဝတ်တစ်ခုဖြင့် စည်းထားသည့်ပုံ ။ လှုပ်ရှားကြည့်သည် မရ ။ လက်နှစ်ဖက်ကိုလည်း ကြိုးတုပ်ထားကြသည် ။ တစ်နေရာသို့အရောက် ကားက ရပ်သွားသည်ကို သတိထားမိလိုက်သည် ။ သူလည်း အသေအချာနားစွင့်နေသည် ။

" ဟေ့ကောင်တွေ… ခေါ်ခဲ့စမ်း မြန်မြန်လုပ် ''

ကားတံခါးကို ဝုန်းခနဲဖွင့်လိုက်သံကြားရပြီး သူ့ဘေးမှလူက သူ့လက်မောင်းမှကိုင်ကာ ကားပေါ်မှဆွဲချသည် ။ ဒူးဆစ်ကို ကန်ခံထားရသည်မို့ ဖြောင့်ဖြောင့်မတ်မတ်မရပ်နိုင်သေး ။ ကျယ်လောင်သော တံခါးဆွဲဖွင့်သံကြားလိုက်ရပြီး ထိုထဲသို့ ဝင်လိုက်ရသည် ။ အသံရှည်ဆွဲပြီးမြည်သည့် ကျွီဟူသောအသံနှင့်အတူ နောက်ဆက်တွဲကြားနေရသည့် တဂျိန်းဂျိန်းမြည်သံများအရ ဂိုဒေါင်တစ်ခု ဖြစ်ဟန်တူသည် ။ အထဲသို့ဝင်လိုက်သည်နှင့် အေးစက်စက်လေထုကို ခံစားလိုက်ရသည် ။ အနံ့အသက်မှာတော့ ဖုံလိုသဲလို စူးရှရှအောက်သိုးသိုး ။

" တံခါးပိတ်လိုက်တော့… ''

ဂျိန်းခနဲမြည်အောင် ပိတ်လိုက်ကြပြီးနောက် ခြေလှမ်းအနည်းငယ်အထိ သူ့ကို ဆွဲခေါ်သွားကြသေးသည် ။

" ဆရာ... ခေါ်လာပါပြီ ''

တစ်ဆက်တည်း သူ့မျက်လုံးကိုစည်းထားသည့် အဝတ်စရော လက်မှကြိုးကိုပါ ဖြည်ပေးကြသည် ။ ထင်သည့်အတိုင်းပင် ။ ခပ်ကျယ်ကျယ်နေရာမျိုးဖြစ်ကာ ဝါကျင်ကျင်မီးလုံးအချို့သာ ထွန်းထားသည် ။ သူ့ကို ခေါ်လာခဲ့သည့်လူများကပြောလိုက်တော့ ရှေ့တွင် ကျောပေးကာရပ်နေသည့်လူက လှည့်ကြည့်လာသည် ။ ထိုလူက Maskတပ်ထားသည် ။ သူ့လူတွေဘက်သို့ ကြည့်လိုက်ကာ မေးသည် ။

A Love Like No Other [Completed] Where stories live. Discover now