(15)

29.8K 3K 188
                                    

Unicode

ကားဘီးပွတ်ဆွဲသံအား ကျယ်လောင်စွာကြားလိုက်ရသောကြောင့် သွင်မှူးအိမ်လည်း အမှတ်မထင် နောက်လှည့်ကြည့်လိုက်မိသည် ။ နောက်ဆုံးပေါ်မော်ဒယ်မြင့် အနက်ရောင်ဇိမ်ခံကားတစ်စီးက သူတို့ဆိုင်ရှေ့တည့်တည့်တွင် ပိတ်ရပ်နေလေသည် ။ သို့ပေမည့် ကိုယ့်အရေးမဟုတ်သလို ဂရုမစိုက်တော့ဘဲ ဆိုင်ထဲပြန်ဝင်ရန်သာ ခြေဦးလှည့်လိုက်သည် ။

" သွင်လေး... ''

ရင်းနှီးနေသောအသံတစ်ခုကြောင့် ခြေလှမ်းတို့ရပ်တန့်သွားရသည် ။ သူမတုန်မလှုပ်ဘဲ ထိုအတိုင်းသာ ရပ်နေမိသည် ။ နောက်ဘက်နားဆီမှ ခြေသံအချို့က သူရှိရာသို့ တဖြည်းဖြည်းနီးကပ်လာပြီးနောက်...

" သွင်လေး... ကိုယ်တို့ ခဏလောက် စကားပြောရအောင် '' ဟု ဆိုလာသည် ။

သူ့စိတ်ထဲရှိသည့်အတိုင်းဆို စကားမပြောချင်ပါ ။ သို့သော်လည်း ပြသာနာတစ်ခုကို မဖြေရှင်းဘဲထားလျှင် မြိုသိပ်ထားရသည့် အစိုင်အခဲတွေက ပိုကြီးထွားလာနိုင်သည်မဟုတ်လား ။

" ဘာလို့ရောက်လာတာလဲ ''

သူခွန်းတုံ့ပြန်လိုက်သော်လည်း နောက်သို့လှည့်မကြည့် ။

" ခုနက ဘယ်သူလဲ ''

" ဘာ... ''

မျှော်လင့်ထားသော စကားမျိုးမဟုတ်သည်ကြောင့် ကျောပေးထားရာမှနောက်သို့လှည့်ကာ သျှံမင်းဆက်၏မျက်နှာအား စေ့စေ့ကြည့်လိုက်သည် ။

" ခုနက စကားပြောနေတဲ့လူ ၊ သွင်လေးကိုဖက်ထားတဲ့ အဲဒီလူက... ဘယ်သူလဲလို့ ''

" မင်းနဲ့ဘာဆိုင်လဲ ''

အထက်စီးမှပြောသလို ခံစားလိုက်ရသဖြင့် သွင်မှူးအိမ်လည်း လေသံကိုလျော့၍မပြောမိ ။

" ဘာဆိုင်လဲဟုတ်လား... ကိုယ် ဒီနေ့ ဘာလို့ရောက်လာရတယ်ထင်လဲ ''

" မသိချင်ဘူး ''

သျှံမင်းဆက်ကဆီမှ သက်ပြင်းချသံကြားလိုက်ရပြီး လေသံကိုလျော့၍ ပြောလာလေသည် ။

" နှင်းဆီတွေရဲ့အဓိပ္ပာယ်ကို ကိုယ်သိသွားပြီ ''

သွင်မှူးအိမ် ဘာမျှပြန်မပြောဖြစ် ။

A Love Like No Other [Completed] Where stories live. Discover now