(21)

26K 3.1K 278
                                    

Unicode

Ever Bloom Floral and Event Design

သည်နေ့ ဆိုင်တွင်လူရှင်းနေသည် ။ ပုံမှန်အော်ဒါတင်ထားသမျှကိုသာ ပြင်ဆင်ပေးနေရပြီး အသစ်ဟူ၍ ကြီးကြီးမားမားလက်ခံထားခြင်းမျိုး မရှိ ။ သုံးယောက်သား အလုပ်လုပ်ရင်း စလိုက်နောက်လိုက် စကားတပြောပြောဖြင့်ပင် ။

" ဪ ငါပြောပြဦးမယ် ငြိမ်းစု… ဟိုတစ်ရက်က ပစ္စည်းတစ်ခုအထားမှားလို့ ဘယ်နေရာမှာလဲသိချင်တာနဲ့ CCTV Recordပြန်ကြည့်တာ ဘာတွေ့ခဲ့ရလဲသိလား ။ မြင်လိုက်ရတဲ့ ငါ့မျက်လုံးကို တိပ်နဲ့သာ ကပ်ထားလိုက်ချင်တယ် ''

" ဘာဖြစ်လို့တုန်းဟ ''

ဟိန်းသူထွဋ်ပြောလာသည်ကို နားမလည်၍ ငြိမ်းစုသက်ကမေးလေတော့ သူက မျက်နှာကိုမဲ့ရွဲ့လိုက်ပြီး…

" အေး ပြမယ်… အရမ်းအမြင်ကပ်စရာ မြင်ကွင်းကို ''

ဆိုကာ ကောင်တာပေါ်မှ Laptopကိုသွားယူ၍ Fileတစ်ခုကို ဖွင့်ပြလေတော့သည် ။ သွင်မှူးအိမ်နှင့် ငြိမ်းစုသက်လည်း စိတ်ဝင်တစားကြည့်လိုက်သည် ။ ပေါ်လာသည်က Videoတစ်ခု ။ သွင်မှူးအိမ်မှာ မျက်လုံးတို့ပြူးကျယ်သွားရပြီး တံတွေးပါမြိုချမိသွားသည် ။ ငြိမ်းစုသက်ကတော့ ကြည့်နေရင်း ပါးစပ်ကိုလက်ဖြင့်အုပ်ထားကာ တဟိဟိပင် ။ သွင်မှူးအိမ်လည်း ရှက်စိတ်ကြောင့်ပူထူလာကာ...

" မင်းက ဒါကို ဘာလို့ကြည့်ရတာလဲ တော်တော်အားနေလား… ပိတ်စမ်း အခုချက်ချင်း ''

သူက Laptopပါဝါခလုတ်ကို လှမ်းပိတ်တော့ ငြိမ်းစုသက်က သူ(မ)ကိုယ်နှင့် ကွယ်လိုက်ကာ…

" ဘာလို့ပိတ်တာလဲ ဒီလောက်ကြည်နူးစရာမြင်ကွင်းလေးကို… ကိုသျှံမင်းဆက်ကြီးက တကယ်ကြွေချင်စရာကြီးပဲ ။ နင့်ကိုပွေ့ဖက်ပြီးနမ်းနေတာများ ကြင်ကြင်နာနာ ၊ နင်အရပ်ရှည်တာတောင် သူ့ရင်ခွင်ထဲ မြှုပ်သွားတာပဲမလား ''

" ငြိမ်းစုမ နင်တော်ပြီနော် ''

" အဲဒါပြောတာပေါ့ ငြိမ်းစုရယ်… အစကပြောတော့ဖြင့် လေတစ်လုံးမိုးတစ်လုံး ။ သျှံမင်းဆက်ကို သေတောင်မကြိုက်ဘူးတဲ့ ၊ အခုကျတော့လည်း အဟွန်း…''

A Love Like No Other [Completed] Where stories live. Discover now