(17)

29.4K 3K 347
                                    

Unicode

" သွင်လေး ကိုယ်ပါ… ''

ရုတ်တရက်ရောက်လာသည့်သူကြောင့် အံ့သြခြင်းဖြစ်ရသော်လည်း ချက်ချင်းပင် မျက်နှာကိုတည်တင်းလိုက်ပြီး…

" မင်း ဘာလာလုပ်တာလဲ ''

" တွေ့ချင်လို့ မနေနိုင်တော့လို့… ''

" ငါတို့တွေ့စရာ အကြောင်းမရှိဘူးထင်တယ် ပြန်တော့ ''

နှင်သည့်စကားဆိုပြီး ကျောခိုင်းလိုက်ပေမည့် သူ့ပုခုံးအား ဆတ်ခနဲလှမ်းဆွဲခြင်းခံလိုက်ရသည်နှင့်အတူ ကျောပြင်ငယ်ဟာ နွေးထွေးသည့်နေရာတစ်ခုသို့ ခိုဝင်သွားရတော့သည် ။

" သွင်လေး… ကိုယ်တောင်းပန်တယ် တောင်းပန်ပါတယ်ကွာ ''

" ဘာကိုလဲ မင်း ဘာတွေလာပြောနေတာလဲ လွှတ်စမ်း ''

ပြောကာမှ သူ့ရင်ခွင်ထဲသို့ ပိုဆွဲသွင်းခြင်းခံလိုက်ရသည် ။

" မလွှတ်ဘူး… ကိုယ်သိတယ် အဲဒီနေ့က ကိုယ့်ပုံစံက မင်းကို စိတ်ပျက်စေခဲ့တယ်ဆိုတာ ကိုယ်သိပါတယ် ။ မင်းအတွက် ကိုယ် ပြတ်သားနိုင်ပါတယ်ကွာ ''

" အဲဒါ ငါနဲ့ဘာဆိုင်လို့လဲ... လွှတ်ဖို့ပြောနေတယ်နော် ''

" သွင်လေးရာ ဟန်မဆောင်ပါနဲ့တော့… သွင်လေးလည်း မြိုသိပ်ထားရတာ မပင်ပန်းဘူးလား ။ ကိုယ်တို့ ပွင့်လင်းကြရအောင် ၊ ကိုယ် သွင်လေးကိုချစ်တယ်… အရမ်းချစ်မိနေပြီ ။ သွင်လေးရော ကိုယ့်ကို ချစ်နေတယ်မဟုတ်လား ဟင်… ''

သွင်မှူးအိမ် ငြိမ်၍သာနားထောင်နေမိသည် ။

" သွင်လေး တစ်ခုခုပြောပါကွာ… ကိုယ် ရူးတော့မယ် ''

" ငါ ငါ… မင်းကို ယုံလို့ရပါ့မလား ငါမသိဘူး မသေချာဘူး ။ မင်းက တွေဝေတတ်တယ်လို့ထင်တယ် ၊ ငါ့ကို အရူး လုပ်ချင်နေတာလား ။ ငါ မင်းကိုလက်ခံပြီးရင်ရော သူ့ဆီပြန်မသွားဘူးလို့ ဘယ်လိုတပ်အပ်ပြောနိုင်မှာလဲ ''

" မဟုတ်ဘူးသွင်လေး လုံးဝမဟုတ်ဘူး… ကိုယ်သေချာပါတယ် ။ တွေဝေစရာအဖြစ်မျိုး ထပ်ရှိလာမှာမဟုတ်တော့ပါဘူး… ရွေးချယ်ရမယ့်ကိစ္စမျိုး ကြုံလာခဲ့ရင်တောင် ကိုယ် မင်းကိုပဲ ထပ်တလဲလဲရွေးချယ်နေဦးမှာပါ သွင်လေး… ''

A Love Like No Other [Completed] Where stories live. Discover now